ပရိသတ်ကြီးရေ ရွှေထူးနဲ့ရွှေမှုံရတီတို့နှစ်ယောက်ကတော့ အိမ်ထောင်သည်ဘဝကို အေးအးချမ်းချမ်းနဲ့ ဖြတ်သန်းနေထိုင်နေတာပဲဖြစ်ပါတယ်။ရွှေမှုံနဲ့ရွှေထူးတို့က တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်နဲ့ လက်တွေတွဲထားကြတဲ့ ချစ်စရာအကောင်းဆုံးစုံတွဲလေးပါနော်။ရွှေမှုံတို့ရဲ့ မင်္ဂလာသက်တမ်းလေးကနှစ်တွေအများကြီးမကြာသေးပေမယ့် နှစ်ယောက်လုံးကရင့်ကျက်တည်ငြိမ်ကြပါတယ်နော်။

Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook

ရွှေထူးကလည်း ရွှေမှုံကို အကိုလိုတစ်မျိုး ဖခင်လိုတစ်သွယ် စောင့်ရှောက်ပေးပြီး မျက်နှာလေးမညှိုးအောင်ထားပေးတဲ့ခင်ပွန်းကောင်းဖြစ်သလို ရွှေမှုံလေးကလည်း အသက်ငယ်ငယ်နဲ့အိမ်ထောင်မှုနိုင်နင်းအောင်ကြိုးစားပြီး ယောက်ျားရဲ့အလုပ်ကိုလည်း တတ်နိုင်တဲ့ဘက်ကနေကူညီပေးတဲ့သူပါနော်။ပရိသတ်တွေကလည်း အရမ်းချစ်တတ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုံတို့ရဲ့ ဘဝလေးကို အားကျနေကြတာဖြစ်ပါတယ်။

Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook

လက်တလောမှာတော့ ဇနီးမောင်နှံနှစ်ယောက်လုံးက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြပြီး ရွှေမှုံကလည်း မန္တလေးမှာ ပွဲတွေတက်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ရွှေမှုံလေးက ချစ်ခင်ပွန်းရဲ့ခါးကို တင်းကျပ်နေအောင်ဖက်ပြီး မမှီ့တမှီနဲ့ ပါးလေးကိုအနမ်းလေးပေးကာ"My အညိုဆင်လေး"ဆိုပြီး ရွှေထူးကိုကျီစယ်နေတဲ့ပုံရိပ်လေးကိုမျှဝေလညပါတယ်နော်။

Photo Credit:Shwe Hmone Yati's Facebook
Photo Credit:Shwe Hmone Yati's Facebook

Photo Credit:Shwe Hmone Yati's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။