AFF Futsal Championship 2019 ပြိုင်ပွဲ၏ Match Coorperation Meeting နှင့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို အောက်တိုဘာ၂၀ ရက် နံနက် ၁၁ နာရီအချိန်တွင် ဟိုချီမင်းမြို့ရှိ First Hotel တွင် ကျင်းပခဲ့ပါတယ်။မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဦးဌေးမြင့်သည် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ ကျင်းပသည့် အချိန်နှင့် အသင်း၏ လေ့ကျင့်ခန်း ပြုလုပ်မည့် အချိန်နှင့် တိုက်ဆိုင် နေသောကြောင့် အသင်းအုပ်ချုပ်သူ ဦးကြည်မင်းသိန်းက ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ပေးခဲ့ပါတယ်။

photo credit: MFF ' s facebook
photo credit: MFF ' s facebook

ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာအသင်းနှင့် ပတ်သက်သည့် မေးမြန်းမှုများကို ဦးကြည်မင်းသိန်းက "ကျွန်တော်တို့ အသင်းကို ပြင်ဆင်ချိန်နှစ်လရရှိခဲ့ပါတယ်။ AFF Futsal Championship ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ စက်တင်ဘာ ပထမအပတ်ထဲမှာ တရုတ်နိုင်ငံကိုသွားပြီး လေးနိုင်ငံဖိတ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ကစားခဲ့တယ်။ ဗီယက်နမ် ကိုလည်းကြို လာပြီး ခြေစမ်းပွဲ နှစ်ပွဲ ကစားခဲ့ပါတယ်။ အခု ဒီပြိုင်ပွဲမှာ ပါဝင်တဲ့ အသင်းတိုင်းကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရည်မှန်ချက်ဖြစ်တဲ့ အာရှခြေစစ်ပွဲအောင်မြင်ဖို့ကို အကောင်းဆုံး ကြိုးစားသွားမှာပါ" ဟု ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

photo credit: MFF ' s facebook
photo credit: MFF ' s facebook

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၁၉ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၁ ရက် မြန်မာစံတော်ချိန် နေ့လည် ၁း၀၀ နာရီတွင် အရှေ့တီမော အသင်း၊ အောက်တိုဘာ ၂၂ ရက် နံနက် ၁၁း၀၀ အချိန်တွင် ကမ္ဘောဒီးယား အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာ ၂၃ ရက် နံနက် ၁၁း၀၀ အချိန်တွင် ထိုင်းအသင်းနှင့် လည်းကောင်း အုပ်စုပွဲစဉ်များ အဖြစ် ယှဉ်ပြိုင်ရမည် ဖြစ်ပါတယ်။

source:MFF ' s facebook

photo credit: MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။