အဆိုတော်တစ်ဦးအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အောင်မြင်မှုများစွာရရှိနေတဲ့ ပရိသတ်အချစ်တော် စန္ဒီမြင့်လွင်ကတော့ တကယ့်ကိုအရည်အချင်းပြည့်ဝလွန်းတဲ့ အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ အဆိုပိုင်းနဲ့ပတ်သက်ရင်လည်း တစ်ကိုယ်တော်အခွေတွေထွက်ရှိပြီး ပရိသတ်တွေရဲ့အမာခံအားပေးမှုရရှိထားတဲ့ စန္ဒီမြင့်လွင်က သီချင်းကောင်းကောင်းလေးတွေကို ဖန်တီးသီဆိုတတ်သူလည်း ဖြစ်ပါတယ်။

Photo Credit- Dee Dee's FB
Photo Credit- Dee Dee's FB
Photo Credit- Dee Dee's FB

လက်ရှိအချိန်မှာတော့ စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူနဲ့အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့သမီးဦးလေးတစ်ယောက်ကို ပိုင်ဆိုင်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasure ကတော့ ဒီနေ့အောက်တိုဘာလ (၂၁) ရက်နေ့ဆိုရင်ပဲ ရက်တစ်ရာတိတိပြည့်သွားပြီ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အရမ်းကိုအသည်းယားစရာကောင်းလွန်းတဲ့ သမီးလေးကိုတော့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံက တစ်နေ့တစ်ခြား အချစ်တွေပိုနေရတာ ဖြစ်ပါတယ်။

Photo Credit-Thiha Lwin's IG
Photo Credit- Dee Dee's FB
Photo Credit-Thiha Lwin's IG

အခုလည်း စန္ဒီမြင့်လွင်ရဲ့ချစ်ခင်ပွန်းက သမီးလေးရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း အနမ်းလေးတွေပေးနေတဲ့ ပုံရိပ်လေးတွေကို မျှဝေထားပါတယ်။ ကြည်နူးစရာကောင်းလွန်းတဲ့ Treasure လေးတို့သားအဖရဲ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေကပါ အချစ်တွေပိုနေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး စန္ဒီမြင့်လွင်တို့မိသားစုရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Dee Dee's FB & Thiha Lwin's IG 

Photo Credit-Thiha Lwin's IG
Photo Credit- Dee Dee's FB
Photo Credit- Dee Dee's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။