ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကတော့ သရုပ်ဆောင်ကောင်းမှုတွေအပြင် အေးချမ်းတဲ့အလှတရာလေးတွေနဲ့ ဖြူစင်ပြီး စေတနာပြည့်ဝကာ သဒ္ဒါတရားထက်သန်တဲ့ စိတထားလေးကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။

အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်နေသလို အချိုးအစားပြေပြစ်ပြီး လှပလွန်းတဲ့ ခန္ဓာကိုယ် အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေးမို့ မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုပါ အပြည့်အဝရရှိထားသူလေးလည်း ဖြစ်ပါတယ်..။


Photo Credit - Baby Maung’s Facebook
Photo Credit - Baby Maung’s Facebook

ပရိသတ်ကြီးရေ.. မင်းသမီးချောလေး ဘေဘီမောင်ကတော့ သူမချစ်ခင်တန်ဖိုးထားရဆုံးလူတွေထဲက တစ်ဦးဖြစ်တဲ့ အဖိုးဖြစ်သူ ဆုံးပါးကွယ်လွန်သွားလို့ အရမ်းကို စိတ်မကောင်းဖြစ် ဝမ်းနည်းနေပါတယ်နော်..။

ဘေဘီလေးကတော့ အောက်တိုဘာ(၂၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အဖိုးဖြစ်သူရဲ့ နောက်ဆုံးဈာပနခရီးလေးကို မိသားစုတွေနဲ့အတူ လိုက်ပါပို့ဆောင်ရင်း မျက်ရည်မဆယ်နိုင်အောင် ဝမ်းနည်းပက်လက် ငိုကျွေးနေပါတယ်နော်..။


Photo Credit - Baby Maung’s Facebook
Photo Credit - Baby Maung’s Facebook
Photo Credit - Baby Maung’s Facebook
Photo Credit - Baby Maung’s Facebook

ချစ်ရတဲ့အဖိုးဖြစ်သူရဲ့ နောက်ဆုံးဈာပနခရီးပုံရိပ်လေးတွေကိုလည်း ဘေဘီလေးက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အမှတ်တရသိမ်းဆည်းရင်း ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့ အဖိုးအတွက် ဆုောတင်းစကားလေးတွေလည်း ပြောထားပါတယ်နော်..။

“အဖိုးနောက်ဆုံးခရီး အဖိုးကအလှူဒါန်းအရမ်းလုပ်တာ အဖိုးကောင်းရာမွန်ရာရောက်မှာပါ အဖိုးနောက်ဆုံးခရီးကိုလိုက်ပို့ပေးတဲ့မိတ်ဆွေများဆွေမျိုးများကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင့်..” ဆိုပြီး အဖိုးဖြစ်သူရဲ့ နောက်ဆုံးခရီးအမှတ်တရလေးတွေကို သိမ်းဆည်းရင်း မျှဝေလိုက်တာ ဖြစ်ပါတယ်..။

Photo Credit - Baby Maung’s Facebook
Photo Credit - Baby Maung’s Facebook
Photo Credit - Baby Maung’s Facebook
Photo Credit - Baby Maung’s Facebook

Photo Credit - Baby Maung’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။