မန္တလေးမြို့တွင် ၂၀၂၀ ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲများ အဖြစ် တာဂျစ်ကစ္စတန် အသင်း၊ မွန်ဂိုလီးယား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် နီပေါအသင်းနှင့် လေ့ကျင့်ရေး ခြေစမ်းပွဲ Triaining Match ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ အဆိုပါ ပွဲစဉ်အား လာမည့် နိုဝင်ဘာ ၇ ရက်နေ့၊ ညနေ(၅)နာရီ၊ မန္တလေးမြို့ မန္တလာသီရိ ကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ကွင်းဝင်ကြေး အခမဲ့ သက်မှတ်ထားပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းနှင့် နီပေါ အသင်းတို့ပွဲစဉ်သည် လေ့ကျင့်ခြေစမ်းခြင်းသာ ဖြစ်သည့်အတွက် ရုပ်သံမှလည်းကောင်း live Streaming မှလည်းကောင်း ပြသခြင်းရှိမည် မဟုတ်သော်လည်း နိုဝင်ဘာလ ၁၄ ရက်နေ့ တာဂျစ်ကစ္စတန် အသင်းနှင့် ပွဲစဉ်အားလည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ကာဂျစ္စတန် အသင်းနှင့် ပွဲစဉ်အားလည်းကောင်း MRTV ရုပ်သံနှင့် My Sport‌s Facebook တို့မှ တိုက်ရိုက်ပြသရန် စီစဉ်ထားပါသည်။ ပဏာမ မြန်မာ့လက်ရွေးစင် အသင်း လေ့ကျင့်မှုများနှင့် စပ်လျဉ်း၍ ဆက်လက်သတင်း ထုတ်ပြန်ပေးသွားပါမည်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

၂၀၂၀ ဖီဖာ ကမ္ဘာ့ဖလားခြေစစ်ပွဲ မတိုင်မီ နီပေါအသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲဟာ နည်းပြသစ်ဖြစ်လာတဲ့ အန်တွမ်နီဟေးရဲ့ ပထမဆုံးသော ပွဲဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ မြန်မာလက်ရွေးစင်အသင်းဟာ နည်းပြချုပ်အဖြစ်မှ ရာဂျူလိုဗစ်ကို ထုတ်ပယ်ပြီး လက်ရွေးစင်အသင်းနည်းပြဟောင်းအန်တွမ်နီဟေးကို ခန့်အပ်ထားတာဖြစ်ပါတယ်။

source: MFF ' s facebook

photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။