သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းဖြစ်သူနဲ့အိမ်ထောင်ကျပြီးကတည်းက သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးတစ်ခုကို ပိုင်ဆိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားဦးလေးကို မွေးဖွားထားတဲ့ နန်းမြတ်ဖြိုးသင်းတို့ဇနီးမောင်နှံကတော့ ချမ်းမြေ့ကြည်နူးဖွယ်ရာ မိသားစုဘဝလေးကို တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နန်းမြတ်နဲ့အတူ သူမရဲ့မိသားစုလေးအပေါ်မှာ ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB

မနေ့က အောက်တိုဘာလ (၂၀)ရက်နေ့ကတော့ နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းဖြစ်သူ တာတာမျိုးရဲ့မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့မွေးနေ့လေးမှာ နန်းမြတ်ဖြိုးသင်းက ဆုမွန်ကောင်းတွေ တစ်ဝကြီးတောင်းပေးခဲ့သလို ပျော်ရွှင်စရာမွေးနေ့ပွဲလေးကိုလည်း ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်းက ချစ်ခင်ပွန်းကို နှစ်ယောက်တည်းသွားစားမယ်လို့ လိမ်ခေါ်ပြီး မထင်မှတ်ထားတဲ့ Suprise မွေးနေ့လေးကို စီစဉ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB

နန်းမြတ်ဖြိုးသင်းက " ညကJackJackဖေဖေလူလိမ်ခံလိုက်ရတယ် ၂ယောက်တည်းသွားစားမယ်ဆိုပီးလိမ်ခေါ်လိုက်တာဟိုရောက်တော့ပျော်လို့လက်တွေတောင်တုန်တယ်ဆိုပဲ မိန်းမကိုပိုချစ်ပါ ဒါပဲပြောမယ်ရောက်လာပေးတဲ့ချစ်ရသူများ လှလှလေးဆင်ပေးတဲ့ Ma Jar Things 4 U - wedding, event and party supply Cake ချစ်စရာလေး May Thu Aung အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် " ဆိုပြီး ခင်ပွန်းရဲ့မွေးနေ့ပွဲက အမှတ်တရ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

Photo & Video Credit- Nann Myat Phyo Thinn's FB

Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB
Photo Credit- Nann Myat Phyo Thinn's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။