ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့ တခဲနက် အားပေးဝန်းရံ ချစ်ခင်မှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်..။

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျော်ကတော့ လူမှုကွန်ယက်နဲ့ ပရိသတ်တွေကြား ဂယက်ထသွားခဲ့တဲ့ “မြမြ” ဆိုတဲ့ ကောင်မလေးအောကာင်းကို ရုပ်ရှင်ပြန်လည်ရိုက်ကူးရင်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်နော်..။


Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography
Photo Credit - မြမြ ဖေ့စ်ဘွတ်ပေ့ချ်

ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးနေကာ အဓိကဇာတ်ကောင် မြမြနေရာမှာ သင်ဇာလေးက သရုပ်ဆောင်ရိုက်ကူးနေတာဖြစ်ပြီး ဇာတ်ဝင်ခန်းတချို့ကို ပီပြင်အောင် သရုပ်ဆောင်ရင်း သင်ဇာလေးက ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ..။

အလှအပကိုအလေးထားရတဲ့ မင်းသမီးတစ်ဦးဆိုပေမယ့်လည်း မြမြရုပ်ရှင်ဇာတ်ကားကြီးရဲ့ မုဒိန်းကျင့်ခန်းကို ပီပြင်အောင် သရုပ်ဆောင်ရိုက်ကူးရင်း ညိုမဲစွဲတဲ့အထိ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်နော်..။


Photo Credit - မြမြ ဖေ့စ်ဘွတ်ပေ့ချ်
Photo Credit - မြမြ ဖေ့စ်ဘွတ်ပေ့ချ်
Photo Credit - မြမြ ဖေ့စ်ဘွတ်ပေ့ချ်

ပီပြင်ပိုင်နိုင်ပြီး ကျရာဇာတ်ရုပ်တွေကို အကောင်းဆုံးကြိုးစားနေတဲ့ သင်ဇာလေးရဲ့ ဒဏ်ရာပုံရိပ်လေးတွေကိုလည်း “မုဒိန်းကျင့်ခန်းရိုက်ကူးရာမှ သင်ဇာဝင့်ကျော်ရရှိခဲ့သောဒဏ်ရာများ သရုပ်ဆောင်နေစဉ်မှာ ဘာတစ်ခုမှခေါင်းထဲမထည့်ပဲ လုပ်ရဲတာကိုတကယ်ချီးကျူးပါတယ်..” ဆိုပြီး မြမြ ရုပ်ရှင်ဇာတ်ကားရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ချီးကျူးစကားလေးနဲ့အတူ ပရိသတ်တွေကို မျှဝေထားပါသေးတယ်နော်..။

ညိုမဲစွဲပြီး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပေမယ့် သရုပ်ဆောင်နေချိန်မှာ ဘာကိုမှ ခေါင်းထဲမထည့် ဒဏ်ရာတွေကိုမမှုပဲ ဆက်လက်ရိုက်ကူးခဲ့တာမို့ အနုပညာစိတ်ပြည့်ဝတဲ့ သင်ဇာလေးကိုတော့ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ပရိသတ်တွေကလည်း ချီးကျူးနေကြပါတယ်နော်..။


Photo Credit - မြမြ ဖေ့စ်ဘွတ်ပေ့ချ်
Photo Credit - မြမြ ဖေ့စ်ဘွတ်ပေ့ချ်
Photo Credit - မြမြ ဖေ့စ်ဘွတ်ပေ့ချ်

Photo Credit - Thin Zar Wint Kyaw’s Facebook ၊ မြမြ ဖေ့စ်ဘွတ်ပေ့ချ်

Source - မြမြ ဖေ့စ်ဘွတ်ပေ့ချ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။