ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ သမီးချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ကတော့ သမီးလေးရဲ့နာမည်ကို treasure lwin လို့ နာမည်လှလှလေးပေးထားပြီး သမီးလေးအတွက် သေသေချာချာဂရုစိုက်စောင့်ရှောက်ပေးပြီး ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်။

Photo Credit:Soe Kyi Phyu/Nyi Nyi Maung/Nann Myat Phyo Thinn's Facebook

Treasure လေးကတော့ တဖြည်းဖြည်း မေမေစန္ဒီမြင့်လွင်နဲ့ပိုပိုတူလာပြီးပါးဖောင်းဖောင်းလေးတွေက ဆွဲညှစ်ချင်စရာကောင်းလောက်အောင် အရမ်းချစ်ဖို့ကောင်းပါတယ်နော်။ပရိသတ်တွေကလည်း ဒီးဒီးရဲ့သမီးချောလေးကို အရမ်းချစ်ကြပြီး treasure လေးရဲ့ချစ်စရာပုံလေးတွေကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ treasure လေးလည်း ရက်၁၀၀ပြည့်သွားပြီဖြစ်လို့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံက သမီးလေးအတွက် ပွဲကျင်းပပေးပါတယ်နော်။

Photo Credit:Soe Kyi Phyu/Nyi Nyi Maung/Nann Myat Phyo Thinn's Facebook
Photo Credit:Soe Kyi Phyu/Nyi Nyi Maung/Nann Myat Phyo Thinn's Facebook
Photo Credit:Soe Kyi Phyu/Nyi Nyi Maung/Nann Myat Phyo Thinn's Facebook

treasureလေးရဲ့ ရက်၁၀၀ပြည့်ပွဲလေးကိုတော့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အနုပညာရှင်မောင်နှမတွေကတက်ရောက်ခဲ့ကြပါတယ်။နန်းမြတ်ဖြိုးသင်း ရဝေအောင် ညီညီမောင် ဆုပန်ထွာရဲ့ချစ်ခင်ပွန်းတို့က တက်ရောက်ခဲ့ကြပြီး အရမ်းချစ်စရာကောင်းတဲ့ Treasure လေးနဲ့အတူ ဓာတ်ပုံတွေအတူတူရိုက်ကာ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Soe Kyi Phyu/Nyi Nyi Maung/Nann Myat Phyo Thinn's Facebook
Photo Credit:Soe Kyi Phyu/Nyi Nyi Maung/Nann Myat Phyo Thinn's Facebook

Photo Credit:Soe Kyi Phyu/Nyi Nyi Maung/Nann Myat Phyo Thinn's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။