တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး အများကအားကျရလောက်အောင် Romantic ဆန်နိုင်လွန်းတဲ့စုံတွဲလေးတွေထဲမှာ ရွှေရွှေတို့ဇနီးမောင်နှံက ထိပ်ဆုံးကနေ အပါအဝင် ဖြစ်ပါတယ်။ နေနဲ့လ ရွှေနဲ့မြပမာ ရှေ့သွားနောက်လိုက်ညီစွာ လိုက်ဖက်တင့်တယ်လွန်းတဲ့ သူတို့စုံတွဲလေးကိုတော့ ပရိသတ်တွေအားလုံးက အားကျနေရတာ ဖြစ်ပါတယ်။ ရွှေရွှေတို့စုံတွဲလေးကလည်း တစ်နေ့တစ်ခြားအချစ်တွေတိုးလာပြီး လက်တွဲတွေခိုင်မြဲနေတာ ဖြစ်ပါတယ်။

Photo Credit- Htoo Khant's FB
Photo Credit- Shwe Mhone Yati's FB
Photo Credit- Shwe Mhone Yati's FB

ရွှေထူးကလည်း အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေသလို ရွှေမှုံရတီကလည်း အလုပ်တစ်ဖက်နဲ့ အိမ်ထောင်ရှင်မကောင်းတာဝန်ကို ကျေပွန်နေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ ရွှေမှုံရတီက သူမရဲ့ Fan Meeting ပွဲလေးကို မန္တလေးမြို့မှာပြုလုပ်ခဲ့ပြီး ခင်ပွန်းနဲ့အတူ ခရီးထွက်ခဲ့ပါတယ်။ အခုလည်း ရွှေမှုံရတီက ခင်ပွန်းဖြစ်သူရွှေထူးကို ဗီဒီယိုလေးရိုက်ပြီးတင်ကာ ဆေးထိုးစနောက်ထားပါသေးတယ်။

Photo Credit- Htoo Khant's FB
Photo Credit- Htoo Khant's FB
Photo Credit- Shwe Mhone Yati's FB

ရွှေမှုံရတီက ကားပေါ်မှာ အပီအပြင်ကနေတဲ့ ရွှေထူးရဲ့ဗီဒီယိုလေးကို သူမရဲ့ My Story မှာတင်ထားတာပဲ ဖြစ်ပါတယ်။ ကားမောင်းနေတဲ့ ရွှေထူးတစ်ယောက် သီချင်းသံကြားမှာ စီးမြောရင်း ကနေတာလေးကို ရွှေမှုံရတီကဆေးထိုးပြီး တင်လိုက်တာ ဖြစ်ပါတယ်။ ရွှေရွှေတို့စုံတွဲလေးကတော့ ဘယ်အချိန်ကြည့်ကြည့် ပျော်ရွှင်နေတာလေးကိုကလည်း ကြည်နူးဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေမှုံရတီဆေးထိုးလိုက်တဲ့ ရွှေထူးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Shwe Mhone Yati's FB & Htoo Khant's FB

Photo Credit- Shwe Mhone Yati's FB
Photo Credit- Shwe Mhone Yati's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။