ချစ်ပရိတ်သတ်ကြီးရေ နာမည်ကြီး မိန်းကလေးအများစုရဲ့ အချစ်တော်ကြီး Beauty Blogger ချောလေးနေခြည်ဦးကိုတော့ ပရိတ်သတ်ကြီး အသဲစွဲချစ်ကြမယ်ထင်ပါတယ်။သူမရဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဟန် သွက်သွက်လက်လက်နဲ့ အမူအရာဟန်ပန်လေးတွေကြောင့် မိန်းကလေးအများစုရဲ့ အချစ်တွေကိုပိုင်ဆိုင်ထားရတာလည်းဖြစ်ပါတယ်။ချီချီဟာ beauty blogger အဖြစ်လူသိများကျော်ကြားလာကာ နောက်ပိုင်းမှာတော့ ကြော်ငြာ ဗီဒီယိုဇာတ်ကားတွေသာမကပဲ ရုပ်ရှင်ဇာတ်ကားများရိုက်ရသည်အထိ အောင်မြင်မှုရရှိလာသူဖြစ်ပါတယ်။

Photo Credit:Nay Chi Oo Facebook
Photo Credit:Nay Chi Oo Facebook

နေခြည်ဦးကိုယ်တိုင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ " အခမ်းအနားဆုံး မေတ္တာ" ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသနေပြီဖြစ်ပါတယ်။သူမရဲ့ ဖက်ရှင်ဟာဆိုရင်လည်း ခေါင်းအစခြေအဆုံး အမြဲအသစ်သစ်တွေ အမိုက်စားတွေနဲ့ မရိုးနိုင်အောင်လန်းနေတာကြောင့်မိန်းကလေးအများစု အားကျ နှစ်သက်နေရသူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ " အခမ်းအနားဆုံး မေတ္တာ" ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ဝင်ခန်းအမှတ်တရ ပုံရိပ်လေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit:Nay Chi Oo Facebook
Photo Credit:Nay Chi Oo Facebook

ပုံလေးတွေမှာ ဆွဲဆောင်မှုအပြည့်နဲ့ ချီချီတစ်ယောက် အရမ်းချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။ချီချီကတော့ အမြဲ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနေတက်သူလေးလည်းဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် နေခြည်ဦးရဲ့ ဇာတ်ဝင်ခန်းပုံလေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Nay Chi Oo Facebook
Photo Credit:Nay Chi Oo Facebook

Source:Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။