ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ အိန္ဒိယ နိုင်ငံ ဒေလီမြို့တော် (Delhi) မြို့တော်တွင် လေထုညစ်ညမ်းမှုပြဿနာ၊ မီးခိုးမြူအထူဆုံးမြို့များတွင် ပါဝင်ခဲ့ပုံကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာပါ...။ လေထုညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝန်းမှ လူသားများ၏ ကျန်းမာရေးကို အဓိက ခြိမ်းခြောက်လာသည့် ပြဿနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်...။ မြို့ပြနေလူသားများသည် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူဦးရေ ၁.၃ သန်းခန့် သေဆုံးကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကထုတ်ပြန်ကြေညာခဲ့ပါတယ်...။ ကမ္ဘာ့မြို့ကြီးများတွင် နေထိုင်ကြသူများ နေ့စဉ် ရှူရှိုက်နေကြရသည့် လေထဲတွင် ဆာလဖိတ်၊ နိုက်တြိတ်၊ အမိုးနီးယား၊ ဆိုဒီယံ ကလိုရိုဒ်၊ ကာဗွန်နှင့် သတ္တု အမှုန်များ ပါဝင်နေပါတယ်...။ ယင်းဓာတုပစ္စည်းအမှုန်အမွှားများသည် လူသားများအား ပန်းနာရင်ကျပ်စေသော စိုးရွားသော ပြဿနာများစွာနှင့် မျက်စိယောင်ယမ်း နာကျင်ခြင်းတို့ကို ဖြစ်စေပါတယ်....။

Photo credti pngtree

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်သည် လေထုအတွင်း မျောပါနေသော ၁၀မိုက်ခရိုမီတာ အောက်သေးငယ်သော အမှုန်များ (PM 10) ကိုတိုင်းတာသည့် စစ်တမ်းများအရ ကမ္ဘာပေါ်တွင် မီးခိုမြူများ အထူထပ်ဆုံးဒေသများသည် အရှေ့အလယ်ပိုင်းနှင့် အာရှဒေသများ ဖြစ်သည်ဟုဆိုပါတယ်..။ ထိုပါဝင်သော ဒေသများထဲမှ ဒေလီမြို့တော်သည် တစ်ခုအပါအဝင်ဖြစ်ကြောင်းနှင့် ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရတာလည်းဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်...။ အိန္ဒိယ နိုင်ငံ မြို့တော် ဒေလီတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်ပေါင်း (၄) သန်းမျှရှိနေရာ အများစုသည် ဒီဇယ်သုံး ယာဉ်များဖြစ်ကြပါတယ်...။

Photo credti pngtree

ထိုယာဉ်များမှ ထွက်ရှိသော မီးခိုးများကြောင့် ဒေလီမြို့သည် ( PM 10 ) အဆင့် (၁၉၈) ရှိနေပြီး...ဒေလီတွင် မော်တော်ယာဉ် မီးခိုးများအပြင် ဓာတ်အားဗေဒ စက်ရုံများမှ ထွက်ရှိသော မီးခိုးများနှင့် လမ်းပေါ်မှ ဖုန် မှုန့် များကလည်း ( PM 10 ) အဆင့်ကို တိုးမြင့်စေလျက်ရှိပါတယ်...။ အိန္ဒိယ နိုင်ငံသည် လေထုညစ်ညမ်းမှု ကို ကြီးမားသော ပြဿနာ အဖြစ်ရင်ဆိုင်နေရပါတယ်...။ လက်ခနောမြို့သည် ( PM 10 ) အဆင့် (၁၈၆) ၊ကိုးလ် ကတ္တားသည် ( PM 10 ) အဆင့် (၁၄၈) ၊ မွမ်ဘိုင်းမြို့သည် ( PM 10 ) အဆင့် (၁၃၂) ရှိနေကြပါတယ်...။ သစ်တောများနှင့် လယ်ယာစွန့်ပစ်ပစ္စည်းများကို မီးရှို့ ကြရာမှ ထွက်ရှိနေသော မီးခိုးများသည် အိန္ဒိယနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်တို့ကို ဖုံးလွှမ်းနေသည်ကို ဂြိုလ်တုမှ ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် မြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်...။ေ

Source မောင်သာ(ရှေးဟောင်းသုတေသန)

Photo credti pngtree

Photo credti pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။