သရုပ်ဆောင် မင်းသားချော မြင့်မြတ်ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ခံယူရရှိထားတဲ့ ပြည်သူ့အချစ်တော် မင်းသားတစ်လက် ဖြစ်ပါတယ်။ မာန်မာနကင်းစင်ပြီး ပရိသတ်တွေအားလုံးအပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တဲ့ မြင့်မြတ်ကတော့ တကယ့်ကိုလူချစ်လူခင်ပေါများသူပဲ ဖြစ်ပါတယ်။ ဒီနေ့အချိန်အထိလည်း မြင့်မြတ်က ပိတ်ကားထက်မှာနေရာယူထားပြီး အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတာ ဖြစ်ပါတယ်။

Photo Credit-Myat Wai Tun's FB
Photo Credit-Myat Wai Tun's FB
Photo Credit-Myat Wai Tun's FB

အခုဆိုရင် မြင့်မြတ်ရဲ့သားလေး ဂျူနီယာမြင့်မြတ်လေးကလည်း ပရိသတ်တွေအားလုံးရဲ့အချစ်တွေကို ရရှိနေတဲ့ကလေးလေး ဖြစ်ပါတယ်။ မျက်နှာလေးက လုံးလုံးဝိုင်းဝိုင်းနဲ့ အရမ်းကိုချစ်စရာကောင်းလွန်းတဲ့ မြင့်မြတ်ရဲ့သားလေးက အခုဆိုရင် တဖြည်းဖြည်းနဲ့ ကြီးပြင်းလို့လာတာ ဖြစ်ပါတယ်။ အခုလည်း ဂျူနီယာမြင့်မြတ်လေးက သူ့စိတ်ကြိုက်ကားမောင်းနေရလို့ အရမ်းကိုပျော်ရွှင်နေတာကိုလည်း ဗီဒီယိုဖိုင်လေးမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo Credit-Myat Wai Tun's FB
Photo Credit-Myat Wai Tun's FB

ဂျူနီယာမြင့်မြတ်လေးက ကားစတီယာတိုင်ကိုကိုင်ပြီး စတိုင်အပြည့်နဲ့ အပီအပြင် ကားမောင်းပြလိုက်တာပဲ ဖြစ်ပါတယ်။ လက်လေးနှစ်ဖက်နဲ့ အားရပါးရကိုင်ပြီး ကားမောင်းနေတဲ့ ဂျူနီယာမြင့်မြတ်လေးရဲ့ပုံစံက တကယ့်ကို အသည်းယားစရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်ရဲ့သား ဂျူနီယာမြင့်မြတ်လေးရဲ့ ကားမောင်းနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Myat Wai Tun's FB 

Photo Credit-Myat Wai Tun's FB
Photo Credit-Myat Wai Tun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။