အနုပညာပျိုးခင်းအစီအစဉ်လေးကနေ စတင်စင်တင်ပေးခဲ့တဲ့ မင်းသမီးချောလေး ယုသန္တာတင် ကတော့အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိနေပြီပဲ ဖြစ်ပါတယ်။သူမကတော့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် အချိန်အတိုလေးအတွင်းမှာတင် ပရိသတ်အားပေးမှုကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။သူမရဲ့ သရုပ်ဆောင်မှု ဇာတ်ကားတော်တော်များများကလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့ရတဲ့ ဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်နော်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

ယုသန္တာတင်ဟာ မြန်မာဝတ်စုံလေးတွေကို ပွဲလမ်းသဘင်၊ အခမ်းအနားပွဲတွေမှာ အမြဲဝတ်ဆင်လေ့ရှိတာဖြစ်ပါတယ်။ ယုသန္တာတင်ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

သူမကတော့လက်ရှိမှာ ပြည်တွင်းပြည်ပခရီးစဉ်တွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး ခရီးစဉ်တစ်လျှောက် အမှတ်တရ ပုံရိပ်တွေကိုလည်းဖော်ပြခဲ့တာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ မြန်မာဝတ်စုံလေးနဲ့ ယဉ်ယဉ်လေးလှရက်လွန်းနေတဲ့ အမိုက်စားပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိနဲ့ အခါခါပြန်ကြည့်မိအောင်ကို လှရက်လွန်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit:Alinn Yaung
Photo Credit:Alinn Yaung

Source:Yu Thandar Tin Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။