မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းဟာ ၂၀၁၉ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့သို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။မြန်မာလက်ရွေးစင်ဖူဆယ်အသင်းနဲ့ တီမောလက်ရွေးစင်အသင်းတို့ဟာ ယနေ့နေ့လည်၁နာရီတွင် ယှဉ်ပြိုင်ကစားခဲ့တာပဲ ဖြစ်ပြီး မြန်မာလက်ရွေးစင်ဖူဆယ်အသင်းက တီမောလက်ရွေးစင်အသင်းကို ၆ဂိုး၁ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ အခုလိုတီမောအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် အဖွင့်လှခဲ့တာပဲဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကိုတော့ နည်းပြချုပ် အဖြစ် ဦးဌေးမြင့်က တာဝန်ယူကိုင်တွယ်နေတာပဲ ဖြစ်ပြီး အသင်းအုပ်ချုပ်သူ ဦးကြည်မင်းသိန်းက တာဝန်ယူပေးနေတာပဲဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ၂၀၁၉ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ နောက်ထပ်ပွဲစဉ်တွေအဖြစ် အောက်တိုဘာ ၂၂ ရက် နံနက် ၁၁း၀၀ အချိန်တွင် ကမ္ဘောဒီးယား အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာ ၂၃ ရက် နံနက် ၁၁း၀၀ အချိန်တွင် ထိုင်းအသင်းနှင့် လည်းကောင်း အုပ်စုပွဲစဉ်များ အဖြစ် ယှဉ်ပြိုင်ရမည် ဖြစ်ပါတယ်။

source: MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။