photo credit - Dream League

Fata ကတော့ Ti 9 အပြီးမှာ အသင်းလက်မဲ့တွေဖြစ်လာကြတဲ့ Limmp , Nikobaby , 33 , Handsken တို့ကိုခေါ်ယူပြီး ကိုယ်ပိုင် dota 2 တစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။

DPC season စခါနီးမှာတော့ sponsor လိုအပ်နေတဲ့ Fata တို့ကို Alliance ခေါ်ယူပြီး Alliance နာမည်နဲ့ပဲ DPC Season ကိုဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပါတယ်။

ပထမဆုံး စပြိုင်ခဲ့တဲ့ MDL Chengdu major qualifier မှာတော့ Alliance ဟာ performance ကောင်းတွေပြသနိုင်ခဲ့သလို Europe Region ကနေ လည်း qualified ဖြစ်ခဲ့သလို ESL one Hamburg မှာလည်း qualified ဖြစ်ထားနိုင်ခဲ့ပါတယ်။

နောက်ထပ်ယှဉ်ပြိုင်တဲ့ Dream League Season 12 မှာဆိုရင်လည်း Alliance ဟာ Grand final ထိတက်ရောက်နိုင်ခဲ့ပြီး Demon Slayers ကို 3း 2 ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူပြီး သူတို့ရဲ့ ပမထဆုံး Major champion ဆုကြီးကို ရယူနိုင်ခဲ့ပါတယ်။

Alliance က အသင်းသားတွေအားလုံးရဲ့ Teamwork ပိုင်းတွေကလည်း ကောင်းမွန်တာတွေ့ရသလို Nikobaby ရဲ့ carry ကစားပုံကလည်း တော်တော်လေး ကောင်းမွန်နေတာတွေ့ရပါတယ်။

လက်ရှိ roster

Nikobaby

Limmp

33

Handsken

Fata တို့နဲ့အတူ Ti 3 Campion Alliance ကြီးပြန်လာပြီး Ti champion ထပ်ဖြစ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။