ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေအပြင် အသံချိုချိုအေးအေးလေးကိုပါ ပိုင်ဆိုင်ထားတဲ့ ခြူးလေးက အမာခံပရိသတ်တွေ အများအပြားကိုပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ခြူးလေးက ဗီဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွဲလေးတွေ ရိုက်ကူးပြီး အောင်မြင်မှုရရှိလာခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတဲ့ ခြူးလေးက နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်လာရပြီပဲ ဖြစ်ပါတယ်။

Photo Credit-Chue Chue's FB
Photo Credit-Chue Chue's FB

Tik Tok မင်းသမီးလေးလို့တောင် တင်စားထားရတဲ့ ခြူးလေးက တစ်နေ့တစ်မျိုး မရိုးရအောင် ပရိသတ်တွေအတွက် ဗီဒီယိုဖိုင်လေးတွေ တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက သမီးလေး ငြိမ်းစုဝေနဲ့အတူ ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးကို ရိုက်ကူးခဲ့ပါတယ်။ ခြူးလေးနဲ့ ကလေးသရုပ်ဆောင် ငြိမ်းစုဝေတို့က ရိုက်ကူးရေးပြုလုပ်ရင်း အတူတူ Tik Tok ဆော့ကစားခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-Chue Chue's FB
Photo Credit- Nyein Suu Way's FB

ခြူးလေးတို့နှစ်ယောက်က ကုလားသီချင်းလေးအတိုင်း စည်းချက်ကျကျနဲ့ နှစ်ယောက်သား အတူတူကပြထားကြတာပဲ ဖြစ်ပါတယ်။ တစ်ယောက်တစ်မျိုးစီ ချစ်ဖို့ကောင်းနေတဲ့ ခြူးလေးတို့နှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုလေးကိုတော့ ပရိသတ်တွေကလည်း အားပေးနေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော ခြူးလေးနဲ့ သမီးလေး ငြိမ်းစုဝေတို့ရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Chue Chue's FB & Nyein Suu Way's FB

Video Credit- Chue Lay's Tik Tok 

Photo Credit- Nyein Suu Way's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။