ပရိသတ်ကြီးရေ မင်းသမီးချော နန္ဒာလှိုင်ကတော့ သမီးချောသုံးယောက်ကိုမွေးဖွားထားပြီး မိသားစုတွေပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတာပဲဖြစ်ပါတယ်။နန္ဒာလှိုင်က မိသားစုအတွက်သာအချိန်ပေးဂရုစိုက်ပေးနေတာကြောင့် အနုပညာအလုပ်တွေကိုတော့ရပ်နားလိုက်ပြီး စီးပွားရေးကိုသာဇောက်ချလုပ်ကိုင်နေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ နန္ဒာလှိုင်ကို အနုပညာအလုပ်တွေမလုပ်တော့ပေမယ့်လည်းအားပေးနေကြဆဲပဲဖြစ်ပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

မင်းသမီးနန္ဒာလှိုင်က အခုချိန်မှာအသက်အရွယ်တစ်ခုထိရောက်ရှိနေတာတောင် ဟိုးအရင်တုန်းကလိုပဲ နုပျိုလှပနေပြီး မပြောင်းလဲသွားတဲ့အလှအပတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်းကလည်း စိတ်ချမ်းသာအောင်ထားပေးလို့ စိတ်ပျိုကိုယ်နုဆိုသလို မအိုသွားဘဲကျက်သရေရှိစွာလှပနေဆဲဖြစ်ပါတယ်နော်။နန္ဒာလှိုင်ကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ နန္ဒာလှိုင်ရဲ့ချစ်စရာသမီးသုံးယောက်ကိုလည်း ချစ်ကြပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်ရဲ့သမီးသုံးယောက်က တစ်ယောက်တစ်မျိုးစီချစ်ဖို့ကောင်းကြပြီး စကားလေးတွေလည်းတီတီတာတာပြောတတ်ကြပါတယ်နော်။အခုဆိုရင်လည်း သမီးငယ်လေး ဇေမဒီလှိုင်က မူလန်ကာတွန့်ကားလေးကိုကြည့်ပြီး မူလန်ကိုသနားလို့ မျက်ရည်တွေကျပြီး ငိုနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မေမေနန္ဒာလှိုင်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

Photo Credit:Nandar Hlaing's Facebook

Video Credit:Nandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။