မင်းသမီးချောလေး အေးမြတ်သူကတော့ ဘယ်လိုပုံစံမျိုးနဲ့မဆို လိုက်ဖက်ညီပြီး လှပတင့်တယ်နေတဲ့ မိန်းမလှလေးတစ်ဦးပဲ ဖြစ်ပါတယ်။ ပါးချိုင့်လေးနှစ်ဖက်နဲ့ ပြုံးလိုက်တိုင်း အလှတွေပိုသွားတဲ့ အေးမြတ်သူက ပြစ်မျိုးမှဲ့မထင်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အေးမြတ်သူက အသက် (၃၀) ကျော်အရွယ်လို့ကို မထင်ရလောက်အောင် အရွယ်တင်နုပျိုပြီး လှပနေဆဲ ဖြစ်ပါတယ်။

Photo Credit-Aye Myat Thu FB Page
Photo Credit- Aung Zaw(Love Space)
Photo Credit-Aye Myat Thu FB Page

အေးမြတ်သူက သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ရင်လည်း အပိုအလိုမရှိဘဲ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ အေးမြတ်သူက ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် Photo Shooting တွေလည်း ရိုက်ကူးနေရပါတယ်။ အခုလည်း အေးမြတ်သူက ဘိုဆန်ဆန်အလှတရားတွေနဲ့ စွဲမက်ဖွယ်ကောင်းလောက်အောင် ပရိသတ်တွေကို ညို့ယူဖမ်းစားလိုက်ပြန်ပါတယ်။

Photo Credit-Aye Myat Thu FB Page
Photo Credit- Aung Zaw(Love Space)
Photo Credit-Aye Myat Thu FB Page
Photo Credit- Aung Zaw(Love Space)

ခမ်းနားလှပတဲ့ အမိုက်စားဖက်ရှင်လေးတွေနဲ့ အရမ်းကိုတောက်ပပြီး လှသွေးကြွယ်နေတဲ့ အေးမြတ်သူက နိုင်ငံခြားမင်းသမီးလေးလို့တောင် အထင်မှားစေနိုင်တာ ဖြစ်ပါတယ်။ ဘိုမရုပ်လေးတစ်ရုပ်ပမာ အလှတွေပိုနေတဲ့ အေးမြတ်သူရဲ့ပုံရိပ်လေးတွေကတော့ တကယ့်ကိုကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အေးမြတ်သူရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Aye Myat Thu FB Page & Aung Zaw(Love Space)

Photo Credit-Aye Myat Thu FB Page
Photo Credit- Aung Zaw(Love Space)
Photo Credit-Aye Myat Thu FB Page
Photo Credit- Aung Zaw(Love Space)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။