ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ရတဲ့ အဆိုတော်တွေဖြစ်ကြတဲ့ အောင်လနဲ့ဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်ချစ်တဲ့အချစ်တွေနဲ့ ချစ်ခရီးလမ်းလေးကိုအတူတူလျှောက်လှမ်းနေကြတာဖြစ်ပါတယ်။ဝိုင်းစုက ဟိုးအရင်တုန်းက ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေအများအပြားကိုရိုက်ကူးခဲ့ပြီး တေးသီချင်းလေးတွေကိုလည်း သီဆိုခဲ့သူဖြစ်လို့ ပရိသတ်တွေနဲ့ရင်နှီးနေတဲ့အနုပညာရှင်တစ်ယောက်ပါနော်။

Photo Credit:Wyne Su Khaing Thein's Page
Photo Credit:Wyne Su Khaing Thein's Page
Photo Credit:Wyne Su Khaing Thein's Page

အောင်လကလည်း လူငယ်တွေကြိုက်နှစ်သက်ရတဲ့အဆိုတော်တစ်ယောက်ဖြစ်ပြီး ဟိုးအရင်ကတည်းကအောင်မြင်ခဲ့တဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်။ဝိုင်းစုနဲ့အောင်လတို့နှစ်ယောက်ဖန်တီးသီဆိုထားတဲ့ သီချင်းကောင်းလေးတွေကိုလည်း ပရိသတ်တွေကတစ်ခဲနက်အားပေးကြပါတယ်နော်။အခုဆိုရင်တော့ ဝိုင်းစုနဲ့အောင်လတို့နှစ်ယောက်က Tai Pei မှာ ကျင်းပပြုလုပ်မယ့် သီတင်းကျွတ်မီးထွန်းပွဲတော်မှာ သွားရောက်ဖျော်ဖြေနေကြတာဖြစ်ပါတယ်။

Photo Credit:Wyne Su Khaing Thein's Page
Photo Credit:Wyne Su Khaing Thein's Page
Photo Credit:Wyne Su Khaing Thein's Page

ဝိုင်းစုနဲ့အောင်လတို့စုံတွဲကတော့ တိုင်ပေကိုရောက်တုန်းရောက်ခိုက်လေးမှာ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်ကြပြီး အပြန်အလှန်ဓာတ်ပုံတွေရိုက်ပေးနေတာပဲဖြစ်ပါတယ်။အရမ်းလှတဲ့နေရာလေးမှာ ချစ်သူနှစ်ယောက် ကြည်ကြည်နူးနူးနဲ့ ပြုံးပျော်ရွှင်နေကြပြီး အရမ်းလိုက်ဖက်ညီနေတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ ဝိုင်းစုက ပရိသတ်ကြီးအတွက် မျှဝေပေးခဲ့ပါတယ်နော်။

Photo Credit:Wyne Su Khaing Thein's Page

Photo Credit:Wyne Su Khaing Thein's Page
Photo Credit:Wyne Su Khaing Thein's Page
Photo Credit:Wyne Su Khaing Thein's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။