ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ Aung La Nsang မိသားစုနှင့် တွေ့ဆုံ ပြီး ဂုဏ်ယူဝမ်းမြောက်ကြောင်း အားပေးစကား ပြောကြားခဲ့ပါတယ်။ နိုင်ငံဂုဏ်ဆောင် အောင်လအန်ဆန်းကတော့ဂျပန်နိုင်ငံမှာ မိသားစုနဲ့အတူ အနားယူနေတာပဲ ဖြစ်ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook
photo credit : Aung La Nsang(Burmese Python) 's facebook

အောင်လအန်ဆန်းကတော့ " ကျွန်တော်တို့မိသားစုအတွက်အရမ်းနှစ်လိုဖွယ်ကောင်းတဲ့အံအားသင့်ဖွယ်တွေ့ဆုံမှုတခုအဖြစ်..နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်.ကျွန်တော်တို့စကားလက်ဆုံကျနေရင်းနဲ့ကျွန်တော်တသက်လုံးသိကျွမ်းရင်းနှီးလာတဲ့မိသားစုဝင်တစ်ယောက်နဲ့စကားစမြည်ပြောနေရသလိုခံစားလာရပါတယ် " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook
photo credit : Aung La Nsang(Burmese Python) 's facebook

အောင်လအန်ဆန်းကတော့ " အန်တီစုကအရမ်းသဘောကောင်းပြီးနှစ်လိုဖွယ်ကောင်းပါတယ်.ကျွန်တော်မိသားစုအန်တီစုကိုလေးစားချစ်ခင်ပြီး.အန်တီစုကလည်းကျွန်တော့်ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ပိုပြီးစိတ်အားထက်သန်ဖို့အတွက်အားပေးစကားတွေပြောပါတယ်.ဒီတွေ့ဆုံမှုကကျွန်တော်ရဲ့ဂျပန်ခရီးစဉ်အတွက်စိတ်လှုပ်ရှားဖွယ်အမှတ်ရစရာအခိုက်အတန့်ပါပဲ.ကျေးဇူးအထူးတင်ပါတယ်..အန်တီစု " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source: Aung La Nsang(Burmese Python) 's facebook 

photo credit : Aung La Nsang(Burmese Python) 's facebook
photo credit : Aung La Nsang(Burmese Python) 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။