မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ၂၀၁၉ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ နောက်ထပ်ပွဲစဉ်တွေအဖြစ် အောက်တိုဘာ ၂၂ ရက် ယနေ့ နံနက် ၁၁း၀၀ အချိန်တွင် ကမ္ဘောဒီးယား အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ပြီး ၁၃ဂိုး ၃ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဂိုးပေါင်းများစွာကို သွင်းယူခဲ့တာပဲဖြစ်ပြီး ဂိုးမိုးရွာခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကတော့ နှစ်ပွဲကစားပြီး နှစ်ပွဲစလုံးအနိုင်ရရှိခဲ့ကာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းရဲ့ သွင်းဂိုးဟာ ၂ပွဲပေါင်းသွင်းဂိုးဟာ ၁၉ဂိုးအထိ ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ မြန်မာလက်ရွေးစင်ဖူဆယ်အသင်းက တီမောလက်ရွေးစင်အသင်းကို ၆ဂိုး၁ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိထားတာဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကတော့ အောက်တိုဘာ ၂၃ ရက် နံနက် ၁၁း၀၀ အချိန်တွင် ထိုင်းအသင်းနှင့် လည်းကောင်း အုပ်စုပွဲစဉ်များ အဖြစ် ယှဉ်ပြိုင်ရမည် ဖြစ်ပါတယ်။မနက်ဖြန်မှာ မြန်မာအသင်းနဲ့ ကစားမယ့် ထိုင်းအသင်းက ကမ္ဘောဒီးယားအသင်းကို ၁၂-၀ ဂိုးဖြင့် အနိုင် ရရှိထားတာပဲ ဖြစ်ပါတယ်။

source: MFF 's facebook  

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။