စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားသူကတော့ မင်းသမီးချောလေး အိချောပိုပဲ ဖြစ်ပါတယ်။ အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်အဖြစ် အနုပညာလောကထဲက ဝင်ရောက်လာခဲ့တဲ့ အိချောပိုက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ အိချောပိုကိုယ်တိုင် ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်တဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေရဲ့ကြည့်ရှုအားပေးမှုတွေ ရရှိထားတာ ဖြစ်ပါတယ်။

Photo Credit- Amazing Grace
Photo Credit- Amazing Grace

လက်ရှိမှာတော့ အိချောပိုက " Plyaer " ဆိုတဲ့ ဇာတ်ကားကြီးကို မင်းသားချော မြင့်မြတ်၊ မင်းသားချော ထွန်းထွန်းတို့နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ အိချောပိုက အခုလည်း ပရိသတ်တွေအတွက် ရိုက်ကွင်းက ဗီဒီယိုဖိုင်လေးကို မျှဝေထားပါတယ်။ အိချောပိုက ရိုက်ကူးရေးနားနေတုန်းအချိန်လေးမှာ လက်တွန်းလှည်းလေးနဲ့ ဆော့ကစားနေတဲ့ဗီဒီယိုလေးကို တင်လိုက်တာ ဖြစ်ပါတယ်။

Photo Credit-Ei Chaw Po's FB
Photo Credit-Ei Chaw Po's FB

အိချောပိုက ကောင်မလေးတစ်ယောက်တွန်းပေးတဲ့ လက်တွန်းလှည်းလေးအပေါ်မှာထိုင်ပြီး ကလေးလေးလို ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ အိချောပိုက "ရှုတင်မှာ သိပ်မဆော့ရှာဘူးနော် " ဆိုပြီး လူမှုကွန်ယက်မှာ တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အိချောပိုရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Ei Chaw Po's FB 

Photo Credit- Amazing Grace
Photo Credit-Ei Chaw Po's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။