အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင် မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်တွေအများဆုံးရရှိထားသူပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ဆွဲဆောင်မှုရှိပြီး ယောင်္ကျားပီသတဲ့ ဟန်ပန်တွေနဲ့ တိရိစ္ဆာန်လေးတွေအပေါ် ချစ်ခင်ကြင်နာတတ်တဲ့ စိတ်ထားလေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေကြား အမြဲရေပန်းစားနေပြီး ထိုင်းမလေးတွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို ပိုင်ဆိုင်ထားတာပါ..။


Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်ကတော့ ပြည်ပနိုင်ငံတွေမှာလည်း နာမည်ကျော်အနုပညာရှင်တွေနဲ့အတူ အနုပညာအလုပ်တွေကို အတူလုပ်ဆောင်နေပြီး သူ့ရဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေလေ့ရှိသူလည်း ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း ပိုင်တံခွန်တစ်ယောက် အချစ်တော်ကြောင်လေးကို ကိုယ်တိုင်နှိပ်ပေးနေရင်း အသည်းယားပြီး မနေနိုင်လို့ ကိုက်လိုက်တဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေလိုက်ပြီး ကိုယ်တိုင်နှိပ်ပေးနေတဲ့ ပိုင်တံခွန်နဲ့ ဇိမ်ခံနေတဲ့ ကြောင်လေးတို့ရဲ့ ဗီဒီယိုဖိုင်လေးကတော့ တကယ်ကို ချစ်စရာလေးပါနော်..။


Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

နှပ်ပေးနေတာကို ဇိမ်ခံနေတဲ့ အချစ်တော်ကြောင်လေးနဲ့ သူ့ရဲ့ဗီဒီယိုဖိုင်လေးကိုလည်း ပိုင်တံခွန်က “အိမ်က ဂိုဏ်းချုပ်ကိုလည်း နှိပ်ပေးရသေးတယ်..” ဆိုပြီး ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းနေကြတဲ့ ပိုင်တံခွန်နဲ့ လည်လွန်းတတ်လွန်းပြီး ဇိမ်ခံတတ်လွန်းနေတဲ့ အချစ်တော်ကြောင်လေးတို့ရဲ့ အသည်းယားစရာ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးက သဘောကျ အချစ်ပိုနေကြတာပါနော်..။

Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

Photo Credit - Paing Takhon’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။