အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ-၁၉ အသင်းရဲ့ အပြီးသတ် ကစားသမား ၂၃ဦး စာရင်းကို နည်းပြချုပ် ‌ဒေါ်သက်သက်ဝင်းက ထုတ်ပြန်ခဲ့ပြီ ဖြစ်ပါတယ်။အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ၂၀၁၉ ပြိုင်ပွဲကို ထိုင်းနိုင်ငံ ချွန်ဘူရီမြို့မှာ လာမယ့်အောက်တိုဘာ ၂၇ရက်မှ နိုဝင်ဘာ ၉ရက် အထိ ကျင်းပမှာ ဖြစ်ပြီး ခြေစစ်ပွဲ အောင်မြင်လာတဲ့အာရှထိပ်ဆုံး ၈သင်း ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

မြန်မာအမျိုးသမီး ယူ-၁၉ အသင်းဟာ အုပ်စု (ခ)မှာ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စု (က)မှာ အိမ်ရှင်ထိုင်း၊ ဗီယက်နမ်၊ မြောက်ကိုရီးယား၊ ဩစတြေးလျ အသင်းတွေ ပါဝင်နေပါတယ်။ပြိုင်ပွဲကို အာရှအသင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပထမအဆင့်၊ ဒုတိယ အဆင့် ခြေစစ်ပွဲများကို အဆင့်ဆင့် ဖြတ်ကျော်ပြီးမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

ပြိုင်ပွဲရဲ့ ထိပ်ဆုံးသုံးသင်းဟာ ဖီဖာ ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကို တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမှာ ဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းဟာ ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် စင်ကာပူ၊ ဗီယက်နမ် အသင်းတို့နဲ့ ခြေစမ်းပွဲတွေကစားခဲ့သလို ပြည်တွင်းအသင်းများနဲ့လည်း ခြေစမ်းပွဲများ ကစားခဲ့ပါတယ်။

source: MFF ' s facebook 

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။