photo credit - Dram League Season 12

Nikobaby ကတော့ Bulgaria နိုင်ငံသားတစ်ဦးဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ Николай Николов ပဲဖြစ်ပါတယ်။

သူ့ဟာ Dota 2 pro ကစားသမားဘဝကို 2014 ခုနှစ်လောက်မှာ Gplay ဆိုတဲ့ Team မှာကစားရင်းစတင်ခဲ့တာဖြစ်ပြီး 2015 ခုနှစ် 2 လပိုင်းမှာ Gplay အသင်းကနေထွက်ပြီး Basically Unknown အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

နောက်ထပ်သူကစားခဲ့တဲ့ အသင်းတွေကတော့ Balkan Bears , No Logic Gaming , Monkey Freedom Fighters , Walrus Punch , Clutch Gamers , WarriorsGaming.Unity , Mineski နဲ့ ယခုလက်ရှိကစားနေတဲ့ Alliance တို့ပဲဖြစ်ပါတယ်။

သူ့ရဲ့ ကစားသမားဘ၀ Tatal Earnings ကတော့ $164,775 ဖြစ်ပြီး signature Hero သုံးကောင်ကတော့ Slark , Antimage နဲ့ Queen Of Pane တို့ပဲဖြစ်ပါတယ်။

သူရရှိထားတဲ့အောင်မြင်မှုတွေကတော့ Gplay အသင်းမှာကစားနေစဉ် Gigabyte Challenge#13 , MSI Dragon Battle #4 , MSI Dragon Battle@5 တို့မှာ 1st place ရရှိထားနိုင်ခဲ့ပါတယ်။

Clutch Gamers အသင်းမှာ ကစားခဲ့တုန်းကဆိုရင်လည်း Gamers Permier Nation Season 3 မှာ 1st place ရယူထားနိုင်ခဲ့ပါတယ်။

Clutch Gamers အသင်းမှာကစားခဲ့တုန်းကတော့ အရင် Veteran အခုလက်ရှိ Team Cyanide က players တွေနဲ့လည်း ဆော့ကစားခဲ့ဖူးတဲ့ player တစ်ယောက်ပါပဲ။

အဲ့ဒီနောက် Mineski အသင်းနဲ့အတူလည်း Ti 9 မှာ 9-12th place ထိရောက်ရှိခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ယခုလက်ရှိ 2019-2020 DPC Season အသင်းမှာတော့ Nikobaby ဟာ သူ့ရဲ့အသင်းသစ် Alliance နဲ့အတူ DreamLeague Season 12 ရဲ့ Champion ဆုကြီးကို ရယူထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

နောက်ထပ် ယှဉ်ပြိုင်မယ့် Major တွေ Minor ပွဲစဉ်တွေမှာလည်း Nikobaby ဟာ သူ့ရဲ့အသင်းသစ် Alliance နဲ့အတူ ဘယ်လိုအောင်မြင်မှုတွေထပ်မံရယူနိုင်မလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။