ပရိသတ်ကြီးရေ လီဆူးတိုင်းရင်းသူလေးဖြစ်တဲ့ မင်းသမီးချောလေး ခင်လေးနွယ်ကတော့ ရိုးရှင်းတဲ့ အလှတရားပိုင်ရှင်လေးဖြစ်တဲ့အပြင် စိတ်ထားလေးဖြူစင်ပြီး အေးချမ်းတဲ့ သူလေးဖြစ်ပါတယ်။အောင်မြင်တဲ့ တိုင်းရင်းသူ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ခင်လေးနွယ်ကတော့ ပရိသတ်တွေ အထူးပြောစရာမလိုအောင် ရင်းနှီးပြီးသား အချစ်တော်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အနုပညာလောကမှာ ယနေ့ထိတိုင် ကျင်လည်နေဆဲဖြစ်တဲ့ သူမကတော့ တက်သစ်စ မော်ဒယ်လ်၊မင်းသမီးတွေနဲ့ တန်းတူ နုပျိုလှပနေဆဲ ဖြစ်ပါတယ်။

Photo Credit : Khin Lay Nwe Facebook
Photo Credit : Khin Lay Nwe Facebook

အသံချိုချို ချစ်စရာအပြုံးလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်ကို ဖမ်းစားခဲ့တဲ့ သူဆိုလည်းမမှားပါဘူး။သူမဟာ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကြီး လူကြိုက်များခဲ့တာဖြစ်ပြီး ယနေ့တိုင်အောင်မြင်မှုကို ဆက်လက် ထိန်းသိန်းထားနိုင်တာလည်းတွေ့ရပါတယ်။အမြဲလိုအပြုံးလေးတွေနဲ့ ချစ်စရာဟန်ပန်လေးတွေကလည်း ပရိတ်သတ်တွေကိုအချစ်ပိုစေခဲ့တာဖြစ်ပါတယ်။

Photo Credit : Khin Lay Nwe Facebook
Photo Credit : Khin Lay Nwe Facebook

ခင်လေးကတော့သူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်များကိုလူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။သူမဟာ ခရီးတွေဆက်တိုက် ထွက်နေတာဖြစ်ပြီး ခရီးသွားပုံလေးတွေကိုလည်း အမြဲလိုဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း မြန်မာဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ ချစ်စရာပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက အရမ်းလန်းလွန်းတာကြောင့် ချစ်ပရိသတ်ကြီးတွက်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Khin Lay Nwe Facebook
Photo Credit : Khin Lay Nwe Facebook

Source:Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။