ပရိသတ်ကြီးရေ Mrtv4ရဲ့ မင်းသားချော မင်းသမီးချောလေးတွေဖြစ်ကြတဲ့ အောင်မင်းခန့်နဲ့ ခြူးလေးတို့နှစ်ယောက်ကတော့ အနုပညာလောကထဲကို မကြာသေးခင်နှစ်တွေကမှဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းတွေကို ရရှိထားတဲ့အနုပညာရှင်တွေဖြစ်ကြပါတယ်နော်။အောင်မင်းခန့်နဲ့ခြူးလေးတို့နှစ်ယောက်လုံးက လက်တလောမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

photo credit:Aung Min Khant's Facebook
photo credit:Chue Chue's Facebook

အောင်မင်းခန့်နဲ့ခြူးလေးတို့ နှစ်ယောက်လုံးကို "ထာဝရမန္တလေး"ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာ ပရိသတ်တွေက ပိုပြီးသတိထားမိလာကြပြီး နှစ်ယောက်လုံးက အနုပညာအရည်အသွေးပြည့်မှီကြကာ အိုင်တင်ကောင်းကြလွန်းလို့ အရမ်းရေပန်းစားခဲ့ပါတယ်နော်။အခုချိန်မှာလည်း အနုပညာမောင်နှမနှစ်ယောက်က အနုပညာအလုပ်တွေကို တစ်ခါတစ်လေအတူတူတွဲပြီးလုပ်ကိုင်ကြပြီး ချစ်ချစ်ခင်ခင်နဲ့စည်းလုံးကြပါတယ်။

photo credit:Chue Chue's Facebook
photo credit:Chue Chue's Facebook

အခုဆိုရင်တော့ အောင်မင်းခန့်နဲ့ခြူးလေးတို့နှစ်ယောက်ဆုံချိန်လေးမှာ ရေပန်းစားနေတဲ့သီချင်းလေးတွေနဲ့ tiktok လေးတွေကို အတူတူဆော့ကစားထားကြတာဖြစ်ပါတယ်။နှစ်ယောက်လုံးက အိုင်တင်အရမ်းကောင်းကြတဲ့သူတွေဖြစ်လို့ အပျော်တမ်း tiktok လေးဆော့ချိန်မှာလည်း နှစ်ယောက်လုံးရဲ့အိုင်တင်တွေကအသက်ဝင်ပြီးကြည့်လို့ကောင်းနေတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

photo credit:Chue Chue's Facebook
photo credit:Chue Chue's Facebook

photo credit:Chue Chue's Facebook

video credit:Aung Min Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။