ပရိသတ်ကြီးရေ.....ဒီတစ်ခါမှာတော့ ဆိုမာလီယာနိုင်ငံ အနောက်မြောက်ပိုင်းမှ ရှေးခေတ်လူသားတို့ ရေးဆွဲခဲ့ကြတဲ့ နံရံပန်းချီပုံများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။ ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းသုတေသနပညာရှင်များ၏ စူးစမ်းလေ့လာမှုများကြောင့် ဤကမ္ဘာပေါ်တွင် နေထိုင်ခဲ့ ကြသော ရှေးဦးလူသားတို့၏ရုပ်ကြွင်းများ၊အသုံးအဆောင်များ၊အနုလက်ရာများ၊လက်နက်များကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်...။ ထိုမျှသာမကရှေးခေတ်လူသားတို့၏စိတ်ကူးစိတ်သန်းများဖြင့်ရေးဆွဲခဲ့ကြသောပန်းချီလက်ရာများကိုလည်း ယင်းတို့နေ ထိုင်ခဲ့ရဒေသများတွင် တွေ့ရှိခဲ့ကြရတာဖြစ်ပါတယ်....။

Photo credit pngtree

ကျောက်ခေတ်ကာလများက လူသားတို့သည်ကျောက်လိုဏ်ဂူများအတွင်းနေခဲ့ကြသည်ဖြစ်လေရာ အချို့သော ကျောက်ဂူများအတွင်းတွင် သူတို့ရေးဆွဲခဲ့ကြသည့် ပန်းချီရုပ်ပုံများကို ယနေ့တိုင် မြင်တွေ့နိုင်မှာဖြစ်ပါတယ်...။ မြန်မာနိုင်ငံ၏ ကျောက်ခေတ်ဦးကာလမှ လူသားတို့၏ နံရံဆေးပန်းချီများကဲ့သို့ပင် အချို့သောနိုင်ငံ များတွင်လည်း ရှေးခေတ်လူသားတို့၏ နံရံပန်းချီများကို တွေ့ရှိနိုင်ရာ "Laas Gaal" (လားစ်ဂဲ) လိုဏ်ဂူမှာ ပုံများသည်လည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်...။

Photo credit pngtree

ဆိုမာလီယာ နိုင်ငံအနောက်မြောက်ပိုင်းမှ "Laas Gaal" သည် လိုဏ်ဂူများနှင့် ကျောက်တောင်များ စုဝေးတည်ရှိ နေသည့်နေရာတစ်ခုဖြစ်ပါတယ်...။ ယင်းနေရာတွင် အာဖရိကဦးချို နှင့် အာဖရိကတိုက်ဟု အများသိရှိထားကြသောယင်းဒေသတွင် သမိုင်းဦး ရှေးအကျဆုံးကာလများအတွင်း ကျောက်သားပေါ်တွင် ရေးဆွဲထားခဲ့သည့် ရုပ်ပုံပန်းချီများရှိပါတယ်...။ ထိုရုပ်ပုံများသည် လွန်ခဲ့သော နှစ် "၁၁၀၀၀" မှ နှစ် "၅၀၀၀" အတွင်း ရေးဆွဲထားသောပုံများဖြစ်ကြောင်း ပညာရှင်တို့ ခန့်မှန်းကြပါတယ်...။ လူများနှင့်အတူ အဆင်တန်ဆာများဝတ်ဆင်ပေးထားသော နွားများ၊ အိမ်မွေးခွေးများနှင့်သစ်ကုလားအုပ် တစ်ကောင် တို့ကို ရေးဆွဲထားပါတယ်...။ လိုဏ်ဂူပန်းချီများကို စနစ်တကျ အလွန်ကောင်းမွန်စွာ ထိမ်းသိန်းထားရာ ပုံများ၏ စူးရှသော အရောင်များ၊ အနားသတ်မျဉ်းများကို ကောင်းစွာမြင်နိုင်ကြပါတယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။