ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ဆယ်စုနှစ်တွေကတည်း ယနေ့အချိန်အထိ အခိုင်အမာရရှိထားပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ကာ အားလုံးရဲ့ အသည်းတွေကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်ကတော့ ဝါရင့်သရုပ်ဆောင်အကယ်ဒမီ မင်းမော်ကွန်းပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်သီးအဖြစ် ရပ်တည်နေသလို သားလေးနှစ်ယောက်နဲ့ သမီးလေးတစ်ယောက်တို့နဲ့ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သားနဲ့ သမီးလေးတို့ကလည်း ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ အနုပညာရှင်ရင်သွေးတွေပါပဲ..။


Photo Credit - Kyaw Kyaw Htay Lwin’s Facebook
Photo Credit - Kyaw Kyaw Htay Lwin’s Facebook

သားဘုန်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းမော်ကွန်းရဲ့ သားအငယ်ဆုံးလေး ဧကဘုန်းမြတ်လေးကတော့ ချစ်စရာကောင်းလွန်းပြီး လည်လွန်းတတ်လွန်းတာမို့ ပရိသတ်တွေကအမြဲချစ်ခင်ကြသလို အခုတစ်ခါမှာလည်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

သားဘုန်းလေးတစ်ယောက် အိုင်ဖုန်းတွေမှာပါတဲ့ Siri အသံဖိုင်နဲ့ လူကြီးလေးတစ်ယောက်လို English ကို ကျွမ်းကျွမ်းကျင်ကျင် စကားပြောနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးနဲ့ ပရိသတ်တွေကို အသည်းယားအချစ်ပိုစေတာပဲ ဖြစ်ပါတယ်..။


Photo Credit - Kyaw Kyaw Htay Lwin’s Facebook
Photo Credit - Kyaw Kyaw Htay Lwin’s Facebook

“Siri ကိုပြဿနာရှာသူ..” ဆိုပြီး မင်းမော်ကွန်းက သားဘုန်းလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာဖြစ်ပြီး အဲ့ဒီပို့စ်အောက်မှာ ပရိသတ်တွေကလည်း သဘောကျနေကြပြီး ချီးကျူးနေကြပါတယ်နော်..။

ငယ်ငယ်လေးနဲ့ လူကြီးလေးတစ်ယောက်လို English skill တွေကို ကျွမ်းကျွမ်းကျင်ကျင် ပြောနေတဲ့ သားဘုန်းလေးကို ပရိသတ်တွေကလည်း မချစ်ပဲ မနေနိုင်အောင် အသည်းယားအချစ်ပိုနေကြမှာမို့ သားဘုန်းလေးရဲ့ ဗီဒီယိုဖိုင်လေးကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Kyaw Kyaw Htay Lwin’s Facebook
Photo Credit - Kyaw Kyaw Htay Lwin’s Facebook

Photo Credit - Kyaw Kyaw Htay Lwin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။