အသက် ၁၂နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲရဲ့အောက်တိုဘာ၂၂ရက်နေ့ မနက်ပိုင်းပွဲစဉ်များအဖြစ် ရန်ကုန်အသင်းနဲ့ ဧရာဝတီအသင်း၊ စစ်ကိုင်းအသင်းနဲ့ ကချင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ရန်ကုန်အသင်းနဲ့ ဧရာဝတီအသင်းတို့ပွဲစဉ်မှာ ရန်ကုန်အသင်းက ဧရာဝတီအသင်းကို ဖိအားပေးကစားပြီး ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်ဧရာဝတီအသင်းက ပွဲပြီးခါနီးရရှိတဲ့ ပင်နယ်တီကတစ်ဆင့် ချေပဂိုး ပြန်လည်ရရှိခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်

photo credit : MFF ' s facebook
photo credit : MFF ' s facebook

စစ်ကိုင်းအသင်းနဲ့ ကချင်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ နှစ်သင်းစလုံးအပြန်အလှန် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်း မရှိတာကြောင့် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။အသက် ၁၂နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲ အုပ်စု( D )ရဲ့ ပွဲစဉ်နှစ်ပွဲကစားပြီးချိန်မှာ ရန်ကုန်အသင်းနဲ့ စစ်ကိုင်းအသင်းတို့က လေးမှတ်စီရရှိထားပြီး၊ ဧရာဝတီအသင်းနဲ့ ကချင်အသင်းတို့က တစ်မှတ်စီရရှိထားပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

အောက်တိုဘာ၂၂ရက်နေ့ ညနေပိုင်း ပွဲစဉ်များအဖြစ် အုပ်စု(B)မှ နေပြည်တော်အသင်းနဲ့ ရှမ်း (အရှေ့)အသင်း၊ ကရင်အသင်းနဲ့ မွန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အသက် ၁၂နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲဟာအရည်အသွေးရှိတဲ့ လူငယ်မျိုးဆက်သစ်များပေါ်ထွက်လာဖို့ ရည်ရွယ်ကျင်းပပေးနေတာပဲ ဖြစ်ပါတယ်။ 

source: MFF ' s facebook 

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။