ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ MRTV-4 မင်းသား မင်းသမီးလေးတွေကလည်း ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားကြသူတွေပါပဲ..။

ပရိသတ်တွေကိုယ်စီနဲ့ အခိုင်အမာအောင်မြင်နေကြတဲ့ သူတို့တွေကတော့ အနုပညာအလုပ်တွေကိုလည်း ကိုယ်စီကိုယ်စီ ဆက်တိုက်လုပ်ဆောင်နေကြပြီး ဇာတ်ကားကောင်းလေးတွေအပြင် ပီပြင်တဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ ပရိသတ်တွေရင်ထဲနေရာယူထားကြတာပဲ ဖြစ်ပါတယ်..။


Photo Credit – Thun Thit Sar Zaw’s Facebook
Photo Credit – Thun Thit Sar Zaw’s Facebook

အားလုံးရဲ့ အသည်းကျော်လေးတွေဖြစ်ကြတဲ့ သူတို့တတွေကတော့ မွေးနေ့ပွဲလေးတစ်ခုမှာ အတူတွေ့ဆုံရင်း သီချင်းတွေလည်း အတူဆိုပြီး အချင်းချင်းလွတ်လပ်ပေါ့ပါးစွာ ပျော်နေကာ ခွီနေကြပါတယ်နော်..။

“အမုန်းမှသည်” ဇာတ်လမ်းတွဲ အဖွဲ့သားတွေဖြစ်ကြတဲ့ ကျော်ထက်ဇော်၊ ဆောင်းဝတ်ရည်မေ၊ သွန်သစ္စာဇော်တို့အပြင် အောင်ရေချမ်း၊ နန်းစန္ဒာလှထွန်းနဲ့ စိုပြေမြင့်တို့ကတော့ အတူဆုံရင်း သီချင်းတွေလိုက်ဆိုကာ ခွီနေကြတာပါနော်..။


Photo Credit – So Pyay Myint’s Facebook
Photo Credit – So Pyay Myint’s Facebook

ပျော်စရာကောင်းပြီး လွတ်လပ်ပေါ့ပါးပြီး ခွီနေကြတဲ့ သူတို့ရဲ့ ပုံရိပ်လေးတွေကလည်း မြင်သူအချစ်တော် ပရိသတ်တွေတိုင်းကို အပျော်လေးတွေ ကူးစက်စေတာ အားလုံးပဲ မြင်တွေ့ရမှာပါနော်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ MRTV-4 မှ ပရိသတ်အသည်းကျော်လေးတွေရဲ့ ခွီနေကြတဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြမှာပါနော်..။


Photo Credit – So Pyay Myint’s Facebook
Photo Credit – So Pyay Myint’s Facebook

Photo Credit – Thun Thit Sar Zaw’s Facebook ၊ So Pyay Myint’s Facebook

Viedo Source - So Pyay Myint’s Facebook ၊ Hsaung Wutyee May’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။