တစ်တီတူးငှက်တို့သည် မိုးပြိုမည် စိုးသဖြင့်ဇောက်ထိုးအိပ်တတ်ကြတယ်၊ မိကျောင်းတွင်လျှာမရှိ၊ ဗျိုင်းသည်လေဥ အုသည်စသည်ဖြင့် တိရိစ္ဆာန် များနှင့်ပတ်သက်သော ပြောစမှတ်များကို လူတိုင်းလိုလိုကြားဖူးကြမှာဖြစ်ပါတယ်...။ တိရိစ္ဆာန် တို့အပေါ် တွင် လူတို့ ထင်မြင်ယူဆ ပြောဆိုမှုများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၊ လူမျိုး အသီးသီးတွင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျယ်ပြန့်စွာရှိနေကြပါတယ်...။ လူသားတို့၏ စိတ်သည် အမြဲကြံဆ တွေးတောနေလေ့ရှိသည်ဖြစ်ပေရာ သဘာဝ၏ ဆန်းကြယ်မှုများကို လူသား တို့အဖြေရှာမရသည့် အခါများတွင် မိမိတို့သိလိုသမျှကို ကိုယ်ပိုင်ရှင်းပြချက်များ၊ သီအိုရီများဖြင့် ဖြည့်ဆည်းရန်ကြိုးစား လေ့ရှိကြပါတယ်...။

Photo credit pngtree

အချို့သော တွေးမြင်မှုများသည် အမှန်တရားနှင့် များစွာဝေးကွာနေသော်ငြားလည်း လူအများစိတ်ဝင်စား လာကြစေရန် ပုံပြင်များ၊ ဒဏ္ဍာရီများအဖြစ် ချဲ့ထွင်ပုံဖော်တတ်ကြပါတယ်...။ တိရိစ္ဆာန်တို့နှင့် ပတ်သက်သည့် အချို့သောပုံပြင် ဒဏ္ဍာရီများသည်သဘာဝကျကျ လက်ခံနိုင်ဘွယ်ရာ မရှိကြ သော်လည်း တိရိစ္ဆာန်တို့၏ထူးခြားသော စရိုက်လက္ခဏာသွင်ပြင်များ အများဆုံးပါဝင်နေသည်ကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်...။ ယင်းတို့အနက်မှ "Opposum" (အပေါ့ဆမ်) တို့သည် အမြီးကို အပေါ်တွင် ချိတ်လျက် ဇောက်ထိုး အိပ်တတ်ကြတယ်ဆိုတဲ့ ပါးစပ်ပြောနဲ့ပတ်သက်ပြီး လက်ခံနိုင်ဘွယ်ရာ ရှိ၊ မရှိဆိုတာကို ဆွေးနွေးဖော်ပြပေးသွားမှာဖြစ်ပါတယ်...။

Photo credit pngtree

အမေရိကန်နှင့် သြစတြေလျဇာတိဖြစ်ပြီး အပင်များပေါ်တွင် နေထိုင်လေ့ရှိသည့် သားပိုက်ကောင်ငယ်အမျိုးအစားကို အပေါ့ဆမ်(Opposum)လို့ ခေါ်ကြပါတယ်....။ အပေါ့ဆမ်တို့သည် သစ်ပင်၏အကိုင်းများတွင် ဇောက်ထိုးဆွဲကာ အိပ်လေ့ရှိသည်ဟု ယေဘုယျအားဖြင့်ပြောကြသည့် အယူအဆရှိကြသော်လည်း အပေါ့ဆမ်တို့၏ ရှည်လျားသန်မာသော အမြီးသည် ယင်းတို့၏ ကိုယ်ခန္ဓာကို ခံနိုင်သည်အထိကား မတောင့်တင်းကြပါဘူး...။ အထူးသဖြင့် အရွယ်ရောက်သော အပေါ့ဆမ် တစ်ကောင်သည် ဇောက်ထိုးဆွဲကာ မည်သည့်နည်းဖြင့်မှ အိပ်နိုင်မည်မဟုတ်ပါဘူးနော်...။ အပေါ့ဆမ် အကောင်ငယ်လေးများသည် သူတို့၏ ရှည်လျားသောအမြီးဖြင့် တွဲလဲဆွဲကာ တစ်ခါတစ်ရံ ဇောက်ထိုး နေနိုင်ကောင်းနေနိုင်မည်ဖြစ်သော်လည်း စက္ကန့်အနည်းငယ်မျှသာ နေနိုင်မှာဖြစ်ပါတယ်...။ လင်းဆွဲများနှင့်အချို့သော ငှက်များသည်သာ ဇောက်ထိုးနေနိုင်သည့် သတ္တဝါ များဖြစ်ကြပါတယ်...။ စာဖတ်ပရိသတ်ကြီးရေ ထို"အပေ့ါဆမ်"တို့ ဇောက်ထိုး အိပ်နိုင်လား၊ မအိပ်နိုင်လားဆိုတာကို ထင်မြင်ယူဆချက်လေးတွေ မျှဝေပေးသွားပါဦး....။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။