မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ ဘိုဆန်တဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော်လေး ဖြစ်ပါတယ်။ ပက်ထရစ်ရှာလေးက ကိုယ်လုံးကိုယ်ပေါက်လေးကလည်း သွယ်လျလှပသလို မျက်နှာလေးကလည်း တကယ့်ကို ဆွဲဆောင်မှုအပြည့်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှာရှာကို ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်နေရတာ ဖြစ်ပါတယ်။

Photo Credit-Sue Sha Naing's FB
Photo Credit-Sue Sha Naing's FB
Photo Credit-Sue Sha Naing's FB

ပက်ထရစ်ရှာက ဗီဒီယိုဇာတ်ကားတွေ အများဆုံးရိုက်ကူးခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပက်ထရစ်ရှာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လေးကို အလည်အပတ်ရောက်ရှိနေတာ ဖြစ်ပါတယ်။ မေမေနဲ့အတူ ဘန်ကောက်မှာ Shopping ထွက်နေတဲ့ ပက်ထရစ်ရှာက သူမရဲ့ချစ်မေမေအတွက် ဖိနပ်လှလှလေးတစ်ရံကို ရွေးချယ်ပြီး ကိုယ်တိုင်စမ်းဝတ်ကြည့်ပေးခဲ့ပါတယ်။

Photo Credit-Sue Sha Naing's FB
Photo Credit-Sue Sha Naing's FB
Photo Credit-Sue Sha Naing's FB

ပက်ထရစ်ရှာက " Shopping for mommy " ဆိုပြီး ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ သူမတို့သားအမိရဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ပက်ထရစ်ရှာက မေမေရဲ့ခြေထောက်မှာ ဖိနပ်လေးကို သေသေချာချာဝတ်ပေးရင်း ပြုံးရွှင်နေတာလေးကလည်း အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပက်ထရစ်ရှာတို့သားအမိရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Sue Sha Naing's FB 

Photo Credit-Sue Sha Naing's FB
Photo Credit-Sue Sha Naing's FB
Photo Credit-Sue Sha Naing's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။