ပရိသတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းကတော့ တစ်ခေတ်တစ်ခါတည်းက အောင်မြင်မှုတွေရရှိနေတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ မအေးသောင်းဆိုပြီး ပရိသတ်တွေရဲ့ရင်ထဲကို တစ်ခါပြန်လည်ဝင်ရောက်လာကာ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေကလည်းအားပေးဝန်းရံနေကြပါတယ်နော်။

Photo Credit:Aye Thaung's Facebook
Photo Credit:Aye Thaung's Facebook
Photo Credit:Aye Thaung's Facebook

မအေးသောင်းက ၃၅နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အပျိုကြီးမမတစ်ယောက်ဖြစ်ပြီး သူမရဲ့အလှအပတွေကတော့ အခုချိန်မှာဆိုရင် ရင့်ကျက်တည်ငြိမ်စွာနဲ့ ကျက်သရေရှိကာလှပနေတာဖြစ်ပါတယ်။ပုရိသတွေကလည်း အပျိုကြီးမအေးသောင်းရဲ့အလှအပတွေကို ချီးကျူးကြပြီး ကြွေကျနေရတာပါနော်။မအေးသောင်းရဲ့မြန်မာဆန်ဆန်အလှလေးဆိုရင် မြင်သူတိုင်းရင်ကိုအေးမြသွားစေပါတယ်နော်။

Photo Credit:Aye Thaung's Facebook
Photo Credit:Aye Thaung's Facebook
Photo Credit:Aye Thaung's Facebook

ခေတ်နဲ့လျော်ညီစွာဝတ်စားဆင်ယင်ရင်လည်း လူငယ်လေးတစ်ယောက်လို လှပပျိုမျစ်နေပြီး ချစ်စရာကောင်းနေတာကိုတွေ့ရပါတယ်။အခုဆိုရင်တော့ အေးသောင်းက မြန်မာဆန်ဆန်ရိုးရိုးယဉ်ယဉ်လေးဝတ်ဆင်ပြီး "သမီးရီးစား စကားလာမပြောနဲ့ တောသူမ ဘာထင်တယ် ရိုသေစွာ လင့်ဝတ္တရားကို အများကြီးသိတတ်တယ်"ဆိုပြီး ကျေးတောသူအသွင်လေးနဲ့ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Aye Thaung's Facebook
Photo Credit:Aye Thaung's Facebook
Photo Credit:Aye Thaung's Facebook

Photo Credit:Aye Thaung's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။