Facebook Messenger မှာ သူငယ်ချင်းတွေ နဲ့ Instant Game တွေ ကို အလွယ်တကူဝင်ရောက်ကာ အပျင်းပြေကစားလို့ရပါပြီ။ ဘယ်လိုကစားရမလဲဆိုတော့က Instant Game ဆိုတဲ့အတိုင်းပဲ ဂိမ်းတွေကို install သီးသန့် လုပ်ရန်မလိုဘဲ တစ်ခါတည်း အလွယ်တကူနဲ့ မည်သူမဆို နှစ်သက်ရာဂိမ်းကို ဝင်ရောက်ကစားနိုင်ပါတယ်။

Instant Game တွေကို Facebook ကနေ ဖြန့်ချိပေးနေသလို Facebook Messenger မှာကစားနိုင်တာပါ။ကစားရာမှာတော့ တစ်ဦးတစ်ယောက်တည်း ကစားနိုင်မှာဖြစ်သလို သူငယ်ချင်းများနဲ့လည်း ချိတ်ဆက်ပြီး ကစားနိုင်ပါတယ်။

ပထမဆုံးအနေနဲ့ Facebook Messenger က Instant Game ကို ကစားမယ်ဆိုရင် Messenger app ကို ဖွင့်ပါ။ ပြီးရင် ဂိမ်းလက်ကိုင်ခလုတ် icon ကိုတွေ့ရပါမယ်။ အဆိုပါ ဂိမ်းလက်ကိုင် ပုံကို နှိပ်လိုက်ရင် Instant Game ကို ရွေးချယ်ကာ စတင်ကစားနိုင်ပြီဖြစ်ပါတယ်။

သင်ကိုယ်တိုင်သူငယ်ချင်းနဲ့ကစားချင်တယ်ဆိုရင်တော့ သူငယ်ချင်းနဲ့ စကားပြောဆိုတဲ့ chat box ကိုဖွင့်ပါ။ စာရိုက်တဲ့ ဘယ်ဘက်ထောင့်ဘေးနားမှာ “+” sign ကို နှိပ်လိုက်ရင် Location, Plans, Quick Photo အစရှိတဲ့ အတန်းမှာ Game ဆိုတာကိုတွေ့ရပါမယ်။ အဲ့နောက်မှာတော့ ဂိမ်းကို နှိပ်ပြီး နှစ်သက်ရာ ဂိမ်းတွေကိုရွေးချယ်ကာ ကစားနိုင်မှာဖြစ်ပါတယ်။ 

ကစားလို့ရတဲ့ ဂိမ်းအမျိုးအစားတွေကတော့ -

1 - Words With Friends

2 - EverWing

3 – Basketball FRVR

4 – Snake

5 – Solitaire

6 – Endless Lake

7 – Master Archer

8 – PAC-MAN

9 – Hex FRVR

10 – Bingo

11 – Nom Cat

12 – Slope Slider

13 – Brick Pop

14 – Bat Climb

15 – Dominoes Battle!

16 – Jewel Academy

17 – Harry High Dive တို့ကို နှစ်သက်ရာရွေးကစားနိုင်ပါတယ်။

Facebook Messenger ဂိမ်းတွေကိုတော့ မိုဘိုင်းနဲ့သာမက ကွန်ပြူတာနဲ့လည်း ကစားနိုင်ပါတယ်။

Source: Facebook Messenger

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။