ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသားချောလေး အလင်းရောင်နဲ့ မင်းသမီးချောလေးရွှေသမီးတို့ကလည်း ပရိသတ်တွေတခဲနက်အားပေးချစ်ခင်နေကြသူလေးတွေပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တွေအုဖြစ် ပရိသတ်တွေကိုယ်စီ အနုပညာလမ်းကြောင်းမှာ လျှေဍာက်လှမ်းနေကြသလို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားကြတာ ဖြစ်ပါတယ်နော်..။


Photo Credit - Kyaw Thu’s Facebook
Photo Credit - Kyaw Thu’s Facebook
Photo Credit - Kyaw Thu’s Facebook

ပရိသတ်တွေရဲ့ အချစ်တော်လေးနှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို အတူလက်တွဲလုပ်ဆောင်နေပြီး ဒီကနေ့လေးမှာလည်း ဝါရင့်သရုပ်ဆောင်အကယ်ဒမီမင်းသားကြီး ဒါရိုက်တာဦးကျော်သူကို သီတင်းကျွတ်အထိမ်းအမှတ်လေးအဖြစ် သွားရောက်ကန်တော့ခဲ့ကြပါတယ်နော်..။

ဦးကျော်သူရှိရာ နာရေးကူညီမှုအသင်း(ရန်ကုန်)အသင်းမှာ သွားရောက်ဂါဝရပြုကန်တော့ခဲ့ကြတာ ဖြစ်ပြီး ရိုသေလေးစားသမှုလေးတွေနဲ့ ဂါဝရပြုကန်တော့ခဲ့ကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကလည်း အေးချမ်းလွန်းလှပါတယ်နော်..။


Photo Credit - Kyaw Thu’s Facebook
Photo Credit - Kyaw Thu’s Facebook
Photo Credit - Kyaw Thu’s Facebook
Photo Credit - Kyaw Thu’s Facebook

အလင်းရောင်နဲ့ ရွှေသမီးတို့ လာရောက်ကန်တော့ခဲ့ကြတဲ့ ကြည်နူးပီတိဖြစ်စရာ ပုံရိပ်လေးတွေကိုလည်း ဦးကျော်သူက ဆုတောင်းစကားလေးတွေနဲ့အတူ ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်နော်..။

“ရွှေသားနဲ့ ရွှေသမီး တို့ရဲ့ ဂါရဝတရား။

"ဂမ္ဘီရမျက်လုံး" ရုပ်ရှင်ဇာတ်ကားတွင် နေ့စဉ်ရက်ဆက် အပင်ပန်းခံ। မညီးမညူ အနုပညာရှင်များပီသစွာဖြင့် ဇာတ်ကောင်စရိုက်အတိုင်းသရုပ်ဆောင်ပေးခဲ့သော ကျွန်တော်ဧ။် တန်ဖိုးထားချစ်ခင်ခဲ့ရသော ရွှေသား( အလင်းရောင်) နှင့် ရွှေသမီး တို့ နှစ်ဦး

ယနေ့ နံနက်တွင် နာကူ(ရန်ကုန်) သို့လာရောက်ကာ ဂါရဝတရားရှေ့ထားကာ ကန်တော့ပန်းဆင်ခဲ့ပါသည်။

အလင်းရောင်နှင့် ရွှေသမီး တို့ အနုပညာလောကတွင် ဆရာကောင်းသမားကောင်းများ

ဖြင့်သာကြုံဆုံခွင့်ရရှိကာ ပရိသတ်ဧ။်အထူးအားပေးမှုကိုလက်ခံရရှိပြီး အအောင်မြင်ဆုံးသရဖူများထပ်ခါထပ်ခါဆွတ်ခူးနိုင်ကြပါစေ။

သာဓု သာဓု သာဓုပါဗျာ..” ဆိုပြီး ဆုတောင်းစကားလေးနဲ့ အမှတ်တရပုံရိပ်လေေးတွကို မျှဝေထားတာ ဖြစ်ပါတယ်..။

Photo Credit - Kyaw Thu’s Facebook
Photo Credit - Kyaw Thu’s Facebook
Photo Credit - Kyaw Thu’s Facebook

Photo Credit - Kyaw Thu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။