ရွှေကစ်လေးလို့ အားလုံးကချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ သရုပ်ဆောင်ကောင်းသလောက် အလှအပနဲ့ပတ်သတ်ရင်လည်း နာမည်ကြီးသူ ဖြစ်ပါတယ်။ ကိုရီးယားမလေးတွေလို ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေအလှပိုင်ရှင် ရွှေကစ်က ပြစ်မျိုးမှဲ့မထင်တဲ့အလှတရားတွေကို ရရှိထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် ရွှေကစ်ရဲ့ဖက်ရှင်တွေကလည်း အမြဲတမ်းခေတ်မှီပြီး ဆန်းသစ်လှပနေတာ ဖြစ်ပါတယ်။

Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit-Wutt Hmone Shwe Yi's FB

အသက် (၃၀) ကျော်အရွယ်ကို ရောက်ရှိလာပေမယ့်လည်း ရွှေကစ်လေးကတော့ အရင်ကအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ကလေးဆန်ဆန်လေးချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေကစ်လေးက အလုပ်ကိစ္စတွေအတွက် ဘန်ကောက်ကို ခရီးထွက်ရင်း အပန်းဖြေခဲ့ပါသေးတယ် ။ ရွှေကစ်က ဘန်ကောက်မြို့ရဲ့ညအလှကို ခံစားကြည့်ရှုရင်း သီချင်းလေးနဲ့ လွတ်လွတ်လပ်လပ် အနားယူနေတာပဲ ဖြစ်ပါတယ်။

Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit-Wutt Hmone Shwe Yi's FB
Photo Credit-Wutt Hmone Shwe Yi's FB

ရွှေကစ်လေးက သီချင်းလေးအတိုင်း စီးမြောခံစားရင်း တစ်ယောက်တည်းအပီအပြင်လွင့်နေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့ My story မှာတင်ထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ဘယ်လိုနေနေ အလှတွေပိုနေတဲ့ ရွှေကစ်လေးက ဆွဲဆောင်မှုတွေအပြည့်ရှိနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့အမိုက်စားဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Wutt Hmone Shwe Yi's FB & IG 

Photo Credit-Wutt Hmone Shwe Yi's IG
Photo Credit-Wutt Hmone Shwe Yi's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။