အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့က ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကနေ အခုတစ်ခါမှာဆိုရင်တော့ "Magic Bus" ဆိုတဲ့ မှော်ဝင်ဘက်စ်ကားတစ်စီးကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ "Alaska" (အလက်စကာ)မှာရှိတဲ့ "Denali" (ဒီနေး) အမျိုးသားဥယျာဉ်အနီးနားမှ တောအုပ်အတွင်းမှာရှိနေတဲ့ Bus ကားတစ်စီးကို အရေးပေါ်နားခိုရာ "Emergency shelter" အဖြစ် သုံးမိတဲ့သူတွေက ထူးဆန်းတဲ့ အဖြစ်အပျက်နဲ့ကြုံတွေ့ခဲ့ကြရတာဖြစ်ပါတယ်....။ ထိုbus ကားပေါ်မှာ နားခိုမိလိုက်တဲ့အါ အိမ်ပြန်လမ်းမရှိတော့ လောက်အောင်ပင် လူတွေရဲ့ အာရုံကို လှည့်ဖျားပစ်နိုင်တယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတာဖြစ်ပါတယ်...။

Photo Credit Once A Glance Page

စာဖတ်ပရိသတ်ကြီးရေ.....ထိုမှော်ဝင်bus ကားနဲ့ပတ်သက်ပြီး "Christopher McCandless" ဆိုသူ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်က တစ်ကယ့်ကို ထူးခြားအံ့သြဖွယ်ကောင်းလှပါတယ်...။ အသက် 24 နှစ်အရွယ် အမေရိကန်နိုင်ငံသား "Christopher McCandless"ဆိုသူက အလက်စကာဒေသ တောအုပ်တစ်ခုမှာ အမဲလိုက်ဖို့ ဆန် 4.5 Kg၊ စားစရာ အနည်းငယ်နဲ့ "Stampede Trail" လမ်းထဲကနေ တောအုပ်ထဲကို ဝင်လာခဲ့ပါတယ်...။ တောအုပ်ထဲကိုဝင်ပြီး မြစ်တစ်ခုကိုစဖြတ်တဲ့အခါ မိုင် ၂၀ အရောက်မှာ သူဖြတ်လာခဲ့တဲ့မြစ်က ရေခဲတွေအရည်ပျော်ပြီး မြစ်ရေလျံခဲ့ပါတယ်...။ ဒီလိုနဲ့ McCandless လည်း နောက်ကြောင်းလည်း လှည့်မရ၊ အရှေ့လည်းဆက်သွားလို့မရဖြစ်ပြီး အဲ့ဒီနေရာမှာတွေ့တဲ့ အနှစ်နှစ်ဆယ်လောက်ရှိတဲ့Bus ကားအဟောင်းတစ်စီးပေါ်မှာ တစ်ခဏတာခိုနားခဲ့တယ်...။

Photo Credit Once A Glance Page

သူ့မှာပါလာတဲ့ စားနပ်ရိက္ခာက သာမာန်လူတစ်ယောက်အဖို့ ၁၀ ရက်လောက်သာခံနိုင်ပေမဲ့ "McCandless" အတွက်တော့ ရက်ပေါင်း ၁၂၀ ခံနိုင်ခဲ့ပါတယ်...။ ဒါပေမဲ့ သူ့ကို သမင်လိုက်မုဆိုး အဖွဲတစ်ဖွဲက တွေ့ရှိချိန်မှာတော့ သူဟာအသက်မသေသေးပေမဲ့ ပိန်လှီနေတဲ့ ခန္ဓာကိုယ်နဲ့အတိတ်မေ့နေပါပြီ၊ ဆေးရုံမှာ ဆေးကုသနေစဉ်မှာဘဲ သေဆုံးသွားခဲ့ပါတယ်....။ ဆွီဒင်လူမျိုး အမဲလိုက်အဖွဲ့တွေလည်း "McCandless" ရဲ့ အလားတူအဖြစ်မျိုး ဖြစ်ခဲ့တယ်လို့ သိရပါတယ်...။ ဒီဘစ်ကားဟောင်းကြီးကိုတွေ့တာနဲ့ စိတ်ထဲမှာ တည်းခိုချင်ပြီး နောက်ဆုံး သေဆုံးတဲ့အထိ ဖြစ်တက်ပါတယ်...။ အခုတော့ "Denail National" ဥယာဉ် အာဏာပိုင်တွေက "City transit system Bus"ကား 142 ကို ဖျက်ဆီးဖယ်ရှားဖို့ကြိုးစားနေကြပါတယ်...။ "America" မှာတော့ ဒီသတင်းက ဟိုလေးတကျော် ဖြစ်ခဲ့ပါတယ်...။ Bus ကား ကို အပျော် သွားကြည့်တဲ့ ခရီးသွားများလည်း ရှိနေပါတယ်...။

Source Once A Glance Page

Photo Credit Once A Glance Page

Photo Credit Once A Glance Page
Photo Credit Once A Glance Page
Photo Credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။