သရုပ်ဆောင် မင်းသမီးလေး ရွှေမှုန်ရတီကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာအရည်အချင်းပြည့်ဝပြီး သရုပ်ဆောင်ထူးချွန်သူလေး ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးနေရတဲ့ ရွှေမှုန်လေးက အကယ်ဒမီဆုအတွက် မကြာခဏထင်ကြေးပေးခံနေရသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း ရွှေမှုန်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit- Haw
Photo Credit- Haw

ရွှေမှုန်လေးက ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုပိုပြီး လှသွေးကြွယ်လာတဲ့ ရွှေမှုန်က Photo Shooting တွေလည်း ခဏခဏရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း ရွှေမှုန်ရတီက ပါးပြင်ထက်မှာ မျက်ရည်ပုလဲတွေခနေတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေအသည်းကြွေသွားအောင် ဖမ်းစားလိုက်ပြန်ပါတယ်။

Photo Credit- Haw
Photo Credit- Haw
Photo Credit- Haw

ချစ်ဇနီးလေး မျက်ရည်ကျနေတာကိုကြည့်ပြီး ရွှေထူးကတော့ " ကျွန်တော်ဘာမှ မလုပ်ဘူးနော် " ဆိုပြီး ပရိသတ်တွေကို ပြန်ပြောထားပါသေးတယ်။ ခံစားချက်အပြည့်နဲ့ မျက်ရည်တွေကျနေတဲ့ ရွှေမှုန်ရဲ့ပုံရိပ်လေးတွေကလည်း တကယ့်ကို ထိမိပြောင်မြောက်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သဘာဝကျပီပြင်လွန်းတဲ့ ရွှေမှုန်ရတီရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Haw & Shwe Hmone Yati's FB 

Photo Credit- Haw
Photo Credit- Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။