ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် ထိပ်တန်းမင်းသမီးချောကတော့ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေနဲ့ ပြည်သူပရိသတ်တွေအားလုံးက တခဲနက်အားပေးချစ်ရသူလေး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်လွန်းတဲ့ အံ့မခန်းသရုပ်ဆောင်စွမ်းရည်တွေကလည်း အကယ်ဒမီထူးချွတ်ဆုတွေကို ရရှိထားသလို ပရိသတ်တွေရဲ့ ရင်ထဲနေရာအပြည့်ယူထားတာပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook

ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့အမျိုးသမီးအနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ အိန္ဒြာကျော်ဇင်ကတော့ နေရာတစ်ခုရဖို့နဲ့ အသိအမှတ်ပြုခံရဖို့ဆိုတာ လွယ်လွယ်နဲ့ မရဘူးဆိုပြီး ပြောပြလာပါတယ်နော်..။

အားလုံးရဲ့ အသည်းကျော်လေး အူဝဲကတော့ အောင်မြင်မှုတွေရဲ့ လျှို့ဝှက်ချက်တွေနဲ့ ကြိုးစားရမယ့်အကြောင်းလေးကို ချစ်ပရိသတ်တွေနဲ့ လူငယ်လေးတွေအတွက် ပြန်လည်မျှဝေပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook

ပရိသတ်အချစ်တော် အူဝဲကတော့ “Myanmar’s Pride Awards” ရဲ့ မီဒီယာတွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို တက်ရောက်ရင်း Myanmar’s Pride Awards အကြောင်းလေးနဲ့ သူမရဲ့အနုပညာလှုပ်ရှားမှုတွေအပြင် လူငယ်လေးတွေအတွက် အားပေးစကားလေးတွေနဲ့ အောင်မြင်မှုရဲ့ လမ်းစလေးတွေအကြောင်းကို ပြောပြထားတာပါနော်..။

“ကိုယ်လုပ်မယ့် အလုပ်တစ်ခုကို ဘာပဲလုပ်လုပ် ဇွဲရှိရှိ လုံ့လဝီရိယတွေနဲ့ မလျှော့တဲ့ဇွဲတွေနဲ့ ကြိုးစားဖို့ကတော့ အဓိကလိုအပ်ပါတယ်.. နေရာတစ်ခုရဖို့ အသိအမှတ်ပြုခံရဖို့ဆိုတာကတော့ လွယ်လွယ်နဲ့ေတော့ မရနိုင်ဘူးပေါ့နော်.. ကိုယ်လုပ်မယ့် အလုပ်ကို အကောင်းဆုံး ရိုးရိုးသားသားနဲ့ ကြိုးစားမှုရှိရမယ် ကြုံလာသမျှအခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည်မှုရှိရမယ် ဇွဲလုံ့လတွေ ရှိရမယ်..” ဆိုပြီး ပြောပြထားတဲ့ ေီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Eaindra Kyaw Zin’s Facebook
Photo Credit - Eaindra Kyaw Zin’s Facebook

Photo Credit - Eaindra Kyaw Zin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။