အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံမှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload Pageကို အမြဲ update ဖြစ်နေရအောင် like and see first လုပ်ထားကြပါနော်...။ အခုတစ်ခါမှာဆိုရင် "Maxico" မက်ဆီကို နိုင်ငံမှာရှိတဲ့ ရေအောက်ပြတိုက်အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။ ပင်လယ်ပြင် အောက်ခြေမှာရှိတဲ့ ထူးဆန်းတဲ့သတ္တဝါတွေကို တွေ့မြင်နိုင်မှာဖြစ်သလို၊ လက်ရာမြောက်ရုပ်ထုတွေကလည်း ခရီးသွားတွေကို ဖမ်းစားနေတာဖြစ်ပါတယ်...။

Photo credit Once A Glance Page

"Scuba Diving" ဆိုတဲ့ ပင်လယ်ရေအောက်ကို အဖော်နဲ့ သွားပြီး စူးစမ်းလေ့လာရတာမျိုး ကြိုက်နှစ်သက်ကြလား ပရိတ်သတ်ကြီးရေ...။ ထိုအရာကို လုပ်ဆောင်မည်ဆိုပါက ရေကူးကျွမ်းကျင်ဖို့နှင့် "Team Work" စိတ်ဓာတ်ရှိဖို့လိုအပ်ပါတယ်...။ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုနှင့် လုပ်စားမည်ဆိုပါက ရေကူးကျွမ်းကျင်ရုံသာမက ကျန်းမာရေးကောင်းရမှာဖြစ်ပြီး၊ ဘာသာစကားလဲ ၃၊ ၄ မျိုးလောက်တတ်ကျွမ်းရမှာဖြစ်ပါတယ်..။ ဒါမှသာလျှင် မိမိနိုင်ငံ၊ မိမိဒေသသို့ "Scuba Diving" လုပ်ဖို့ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာမှ ခရီးသွားတွေကို ဘာသာစကားအခက်အခဲမရှိဘဲ၊ ကောင်းမွန်စွာ ရေအောက်ထဲက ထူးဆန်းတဲ့အရာတွေကို လိုက်လံပြသနိုင်မှာဖြစ်ပါတယ်...။

Photo credit Once A Glance Page

"Maxico" နိုင်ငံမှာရှိတဲ့ "Cancun Underwater Museum" မှာရိုက်ကူးထားခဲ့တဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တို့ တစ်ကယ်မဟုတ်ပါဘူး လို့ ထင်ကြမှာပါ...။ ဒါပေမဲ့ဒီလို ပုံရိပ်တွေဟာ ရေအောက်ထဲမှာ တစ်ကယ်ရှိနေပါတယ်...။ "Maxico" နိုင်ငံ ရေအောက် ၈ မီတာအနက်မှာ နိုင်ငံတကာက "Scuba Diving"လုပ်တဲ့ ခရီးသွားတွေကို ဆွဲဆောင်ဖို့၊ ငါးမျိုးစိတ်တွေ ပေါက်ဖွားရှင်သန်ဖို့၊ အနုပညာဖန်တီးရှင်တွေရဲ့ အနုပညာတွေ ဆက်လက်ပြန့်ပွားဖို့ ရည်ရွယ်ချက်နဲ့ စတင် ပြုလုပ်နေဆဲဖြစ်တဲ့ ရေအောက်ပြတိုက်က မြင်ကွင်းတွေပဲဖြစ်ပါတယ်...။

Source Once A Glacne Page

Photo credit Once A Glance Page

Photo credit Once A Glance Page
Photo credit Once A Glance Page
Photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။