မြန်မာ့လက်ရွေးစင် အသင်းနည်းပြများ အတွက် AYA Bank မှ စပွန်ဆာအဖြစ် ပံ့ပိုးခြင်း စာချုပ်ပွဲ အခမ်းအနားကို MFF ရုံးချုပ်တွင် ကျင်းပခဲ့ရာ AYA Bank နှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ MFF စပွန်ဆာများ၊ မြန်မာ့လက်ရွေးစင် အသင်းနည်းပြများနှင့် ကစားသမားများ၊ မီဒီယာ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက လက်ရွေးစင် အသင်းအား ပံ့ပိုးပေးခြင်း အတွက် ကျေးဇူးတင် စကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများ ရှေ့မှောက်တွင် AYA Bank မှ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်၊ ဦးအောင်မျိုးစော (Head of Corporate Affairs)၊ MFF မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့က စပွန်ဆာ စာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

AYA Bank အနေဖြင့် မြန်မာ့ ဘောလုံး လောကအတွက် MFF Official Partner အဖြစ်လည်းကောင်း၊ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများအား Title Sponsor အဖြစ်လည်းကောင်း အစဉ်တစိုက် ကူညီပံ့ပိုးပေးလျက် ရှိပြီး ယခု မြန်မာ့လက်ရွေးစင် အသင်းနည်းပြများ ခန့်အပ်ခေါ်ယူရာတွင် လစာငွေနှင့် အခြား နည်းစနစ်ပိုင်း ဆိုင်ရာ ငွေကြေးသုံးစွဲမှုများ အတွက် စပွန်ဆာအဖြစ် ပံ့ပိုးကူညီခြင်း ဖြစ်ပါတယ်။

source: MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။