မင်းသမီးချောလေး ဖြူဖြူထွေးကတော့ စိတ်သဘောမနောကောင်းပြီး အများအပေါ်မှာ စေတနာထားတတ်သူလေး ဖြစ်ပါတယ်။ ဟာသဗီဒီယိုလေးတွေနဲ့ အောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် မသိသူမရှိလောက်အောင် နာမည်ကြီးလူသိများနေပြီ ဖြစ်ပါတယ်။ ဖြူဖြူထွေးက မာန်မာနကင်းပြီး ပျော်ပျော်နေတတ်တာကြောင့် လူချစ်လူခင်ပေါများကာ တစ်နေ့တစ်ခြား အောင်မြင်မှုများစွာကို ပိုမိုရရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB

ဖြူဖြူထွေးက မြန်မာနိုင်ငံအနှံ့ ခရီးတွေထွက်ပြီး ဖျော်ဖြေပွဲလေးတွေမှာပါဝင်နေရသလို ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ မိဘကိုရိုးသားစွာ လုပ်ကျွေးပြုစုနေတဲ့ ဖြူဖြူထွေးက သူချစ်တဲ့ရွာလေးမှာလည်း အလှူအတန်းတွေ မကြာခဏပြုလုပ်နေတာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက ရွာကိုရောက်နေတုန်းလေးမှာ အားလုံးပျော်ရအောင် ပြိုင်ပွဲလေးပြုလုပ်ပြီး ပိုက်ဆံနဲ့ မုန့်တွေ ဆုချီးမြှင့်ပေးခဲ့ပါတယ်။

Photo Credit- Amazing Grace
Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB

ဖြူဖြူထွေးက Game အစီအစဉ်လေးတစ်ခုပြုလုပ်ပြီး ကလေးတွေသာမက သက်ကြီးရွယ်အိုတွေပါ ဝင်ကစားလို့ရအောင် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဟန်ဆောင်မှုတွေကင်းကင်းနဲ့ ပျော်ရွှင်နေကြတဲ့ ဖြူဖြူထွေးတို့ရဲ့ဗီဒီယိုဖိုင်လေးကလည်း ကြည့်ရှုသူတွေအများအပြားရရှိနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သူချစ်တဲ့ရွာလေးမှာ မုန့်တွေ ပိုက်ဆံတွေ ဆုပေးရင်း ပျော်ရွှင်နေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Phyu Phyu Htwe's FB

Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။