ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်ောတ် အနုပညာရှင်တွေထဲမှာ ကြည်နူးစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင်မင်းသမီးချော သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းလွန်းပြီး လည်လွန်းတတ်လွန်းတဲ့ သားသားလေးကိုလည်း ပိုင်ဆိုင်ထားကာ ကိုယ်ဝန်လွယ်ထားပြီး မကြာခင်မှာလည်း သမီးတ်ယောက်ကို ထပ်မံပိုင်ဆိုင်တော့မှာပါနော်..။


Photo Credit – Thinzar Nwewin’s Facebook
Photo Credit – Thinzar Nwewin’s Facebook

ပရိသတ်တွေတခဲနက်အားပေးချစ်ခင်ကြတဲ့ အနုပညာရှင်ရင်သွေးလေးတွေထဲမှာ သဉ္ဇာနွယ်ဝင်းရဲ့ ချစ်စရာကောင်းလွန်းတဲ့ သားလေး Peach Lay ကလည်း ပရိသတ်တွေရဲ့ အသည်းတွေကို နေ့စဉ်ခြွေယူထားတဲ့ ပြည်သူ့အသည်းကျော်လေးလည်း ဖြစ်ပါတယ်နော်..။

သားလေး Peach Lay လေးကတော့ ပရိသတ်တွေက၈ို အမြဲအချစ်ပိုအောင် လုပ်နိုင်လွန်းပြီး အခုတစ်ခါမှာလည်း ဖေဖေနဲ့အတူ ကစားရင်း လည်လွန်းတတ်လွန်းနေတဲ့ ချစ်စရာ ဟန်ပန်လေးတွေကလည်း မြင်သူတိုင်းကို မချစ်ပဲ မနေနိုင်အောင် အသည်းယားအချစ်ပိုစေပါတယ်နော်..။


Photo Credit – Peach Lay’s Facebook
Photo Credit – Peach Lay’s Facebook

ဖေဖေနဲ့နှစ်ယောက်အတူ ဆော့ကစားရင်း စကားတွေလည်းပြောနေတဲ့ Peach Lay တို့ သားအဖနှစ်ယောက်ရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း “မုန့်စားလိုက်ဖျော်ရည်သောက်လိုက်ဖုန်းပြောလိုက်နဲ့ ဗိုက်တွေတင်းနေတော့မှာပဲ Steven..” ဆိုပြီး မေမေသဉ္ဇာက ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

မုန့်စားလိုက် ဖျော်ရည်သောက်လိုက် ဖုန်းပြောလိုက် စကားတွေပြောလိုက်နဲ့ အသည်းယားချစ်ဖို့ကောင်းလွန်းနေတဲ့ Peach Lay ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။


Photo Credit – Peach Lay’s Facebook
Photo Credit – Thinzar Nwewin’s Facebook

Photo Credit – Thinzar Nwewin’s Facebook ၊ Peach Lay’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။