ပရိသတ်တွေချစ်ရတဲ့ မင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ (၃၁) ရက်နေ့မှာပဲ အသက် (၂၁) နှစ်တိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးလွင်ထက်ရဲ့မေမေဖြစ်တဲ့ ယွန်းဝတီလွင်မိုးက အခုချိန်အထိ အပျိုလေးတုန်းကအတိုင်း အလှတွေပိုနေသူလေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ယွန်းဝတီလွင်မိုးက ခင်ပွန်းဖြစ်သူနဲ့အတူ သြစတေးလျမှာ နေထိုင်နေတာ ဖြစ်ပါတယ်။

Photo Credit- Yunwaddy's IG
Photo Credit- Yunwaddy's IG

ကျောင်းမပြီးသေးတဲ့ ယွန်းဝတီလွင်မိုးက သားလေးနဲ့ခွဲခွာပြီး သြစတေးလျနိုင်ငံမှာ ပညာသွားရောက်သင်ကြားနေတာပဲ ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးမှာတော့ ယွန်းဝတီလွင်မိုးက ချစ်ခင်ပွန်းအပါအဝင် ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာမွေးနေ့ပွဲလေးတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယွန်းဝတီလွင်မိုးက Birthday Party ပွဲလေးကို ကျင်းပပြုလုပ်ပြီး အသက် (၂၁)နှစ်ပြည့်မွေးနေ့လေးကို ပျော်ပျော်ပါးပါးဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Yunwaddy's IG
Photo Credit- Yunwaddy's IG
Photo Credit- Yunwaddy's IG

အခုလည်း ယွန်းဝတီလွင်မိုးက မွေးနေ့ပါတီပွဲက ပုံရိပ်လေးတွေကို သူမရဲ့ Instagram မှာ မျှဝေထားပါတယ်။ Birthday Girl လေး ယွန်းဝတီလွင်မိုးတစ်ယောက် အမိုက်စားဖက်ရှင်လေးနဲ့ အပြတ်အသတ်လှနေသလို အရမ်းကို ချစ်စရာကောင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်ရတဲ့သူတွေနဲ့အတူ မွေးနေ့ပါတီပွဲလေး ကျင်းပပြုလုပ်ခဲ့တဲ့ ယွန်းဝတီလွင်မိုးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Yunwaddy's IG 

Photo Credit- Yunwaddy's IG
Photo Credit- Yunwaddy's IG
Photo Credit- Yunwaddy's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။