Sumail ဟာ Ti9 အပြီးမှာ သူ့ရဲ့မိသားစုလိုဖြစ်နေတဲ့ Evil Geniuses Dota 2 team ကနေထွက်ခွာပြီး Ccnc, MSS, SVG, အကိုဖြစ်သူ Yawar တို့နဲ့အတူ အသင်းသစ်ဖွဲ့စည်းပြီး Quincy Crew ဆိုတဲ့နာမည်နဲ့ 2019-2020 DPC Season ကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။
အသင်းသစ် Quincy Crew မှာ
Sumail ဟာ mid role ကနေ carry role ပြောင်းကစားခဲ့ပေမယ့် သူ့ရဲ့ agressive ဆန်ဆန်ကစားပုံတွေဟာ အသင်းဖော်တွေနဲ့ အနည်းငယ်နားလည်မှုတွေ လိုအပ်ခဲ့ပြီး ပထမဆုံး ဝင်ပြိုင်တဲ့ MDL Chengdu major qualifier ကိုတောင် မအောင်မြင်ခဲ့ပါဘူး။
နောက်ထပ်ယှဥ်ပြိုင်တဲ့ Dota Summit 11 မှာတော့ qualified ဖြစ်ခဲ့ပေမယ့် Sumail ဟာ qualifier အပြီးမှာပဲ Quincy Crew ကနေ ထွက်ခွာသွားခဲ့ပါတယ်။
ဒါ့ကြောင့် Sumail ကို Ti9 ပီးထဲက ပြောက်နေတဲ့ kuroky တို့တသိုက်နဲ့ ပြန်ပေါ်လာမလားလို့ ထင်ခဲ့ပေမယ့် Sumail ဟာ သူ့ရဲ့အသင်းဟောင်း Quincy Crew ရဲ့ coach အဖြစ်နဲ့ ပြန်ပေါ်လာခဲ့ပါတယ်။
Sumail ဟာ အသင်းဟောင်း Quincy Crew ကို ESL One Hamburg 2019 ယှဥ်ပြိုင်နေစဥ် တလျှောက်လုံး coach အဖြစ်တာဝန်ယူပေးသွားမှာဖြစ်ပြီး ဘာတွေလုပ်ပြနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ...
ဒါပေမယ့် king of mid လို့တဲ့နာမည်နဲ့အညီ mid မှာဘယ် players တွေနဲ့တွေ့တွေ့ agressive ဆန်ဆန်ဆော့ပြီး အမြဲရိုက်ချတတ်တဲ့ sumail ကို အသင်းကြီးတသင်းရဲ့ mid player အဖြစ် ပြန်မြင်ချင်ပါသေးတယ်။
AaAaA
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။