အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ဂီတလောကကို လူငယ်အရွယ်ကတည်းက ခြေစုံပစ်ဝင်ရောက်ခဲ့တဲ့ စိုင်းစိုင်းက သူရဲ့အောင်မြင်မှုတွေကို အခုချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့သီချင်းတွေကလည်း အချိန်တွေပြောင်းလဲသွားပေမယ့် လူကြိုက်များကာ ခေတ်မှီနေဆဲဖြစ်ပြီး သူရဲ့ထိမိပြောင်မြောက်တဲ့ သီချင်းစာသားလေးတွေက ပရိသတ်တွေရဲ့ရင်ကိုထိစေခဲ့တာဖြစ်ပါတယ်။

Phoro Credit:Sai Sai Kham Leng Facebook
Phoro Credit:Sai Sai Kham Leng Facebook

လတ်တလောမှာတော့ စိုင်းစိုင်းက ရှိုးပွဲတွေ ဆက်တိုက်သီဆိုနေရသလို Photo Shooting တွေလည်း မနားတမ်း ရိုက်ကူးနေရပါတယ်။မမအရွယ်တွေကစလို့ ဆယ်ကျော်သက်အရွယ် နှုတ်ခမ်းနီမလေးတွေတော်တော်များများရဲ့အားပေးမှုရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ YUFL အင်္ဂလိပ်စာ ဆရာကန်တော့ပွဲက ဆရာမတွေနဲ့ အတူ အမှတ်တရရိုက်ထားတဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Phoro Credit:Sai Sai Kham Leng Facebook
Phoro Credit:Sai Sai Kham Leng Facebook

ပုံလေးတွေတိုင်းမှာ စိုင်းတစ်ယောက် ခုချိန်ထိနုပျို ခန့်ညားပြီး ဆွဲဆောင်မှုရှိလွန်းတာကြောင့် ကောင်မလေးတွေ ကြွေစေမှာ အမှန်ပဲဖြစ်ပါတယ်။သူရဲ့ အမာခံပရိတ်သတ်တွေကလည်း ဟိုအရင်ချိန်တစ်ခေတ်တစ်ခါထဲက အားပေးလာကြတာ ယနေ့ထိ သူအပေါ်အချစ်တွေလျော့မသွားပဲ ပိုပိုတိုး ချစ်လာအားပေးလိုက်ကြတာ စိုင်းစိုင်းရဲ့ အောင်မြင်မှု လျိုဝှက်ချက်လေးပါပဲ။နာမည်ကြီးအဆိုတစ်ယောက်အဖြစ် အောင်မြင်ရုံသာမကပဲ စီပွားရေးပိုင်းမှာလည်း အောင်မြင်နေသူလည်းဖြစ်ပါတယ်။ကဲ...စိုင်းစိုင်းပရိသတ်တွေတွက် စိုင်းရဲ့ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Phoro Credit:Sai Sai Kham Leng Facebook
Phoro Credit:Sai Sai Kham Leng Facebook

Source:Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။