မင်းသမီးချော ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာ အောင်မြင်စွာလျှောက်လှမ်းလာခဲ့တာ နှစ်အတော်ကြာရှိနေပြီ ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီဖြစ်တဲ့ မခိုင်လေးက အခုချိန်အထိလည်း အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ သမီးလေးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ မခိုင်လေးက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။

Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB

မခိုင်လေးက အပျိုလေးတွေနဲ့ ရင်ဘောင်တန်းနိုင်လောက်အောင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး လှနိုင်လွန်းတာကြောင့် ဘာဝတ်ဝတ် အမြဲလိုက်ဖက်တင့်တယ်နေတာ ဖြစ်ပါတယ်။ အခုလည်း မခိုင်လေးက "The Mask Singer Myanmar" ရဲ့ ပွဲအခမ်းအနားလေးကို တက်ရောက်လာခဲ့ပါတယ်။ ဒီပွဲလေးမှာ မခိုင်လေးတစ်ယောက် ငွေရောင်ပွဲတက်ဖက်ရှင်လေးနဲ့ စွဲမက်ဖွယ်ကောင်းလောက်အောင် အလှတွေပိုနေပြန်ပါတယ်။

Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB

မခိုင်လေးက အမိုက်စားဖက်ရှင်လေးကိုဝတ်ဆင်ပြီး ခန္ဓာကိုယ်လေးကို တစ်ပတ်လှည့်ပြလိုက်တဲ့ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေခဲ့ပါတယ်။ အရွယ်တင်နုပျိုလွန်းတဲ့ မခိုင်လေးရဲ့အလှတရားတွေကလည်း မြင်သူတိုင်းငေးကြည့်ချင်စရာကောင်းလောက်အောင် ထင်ပေါ်လှပနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခိုင်သင်းကြည်ရဲ့ချစ်စရာဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Khine Thin Kyi's FB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။