မြန်မာနိုင်ငံရဲ့ ရူ့ခင်းတွေအလှအပတွေဟာ တကယ့်ကို တန်ဖိုးထားရမယ့်အထဲမှာပါဝင်ပါတယ်။ တိုင်းတပါးက နိုင်ငံခြားတွေလာတိုင်း မိမိနိုင်ငံရဲ့ အလှကို မိန့်မောစေတဲ့ ရူ့ခင်းတွေကို ကိုရီးယား နိုင်ငံမှာရှိတဲ့ ရထားပေါ်မှာခင်းကျင်းထားတာကိုတွေ့သောအခါ....

ကိုရီးယားရောက်မြန်မာတစ်ဦးက ဂုဏ်ယူစွာဖြင့်တင်ပြလိုက်ပါတယ်။

'ဒီနေ့ ရထားပေါ်မှာ တွေ့ လိုက်ရတဲ့ မြင်ကွင်းပါ...

ရထားတစ်တွဲလုံးကို မြန်မာ့အထင်ကရနေရာနှစ်ခုဖြစ်တဲ့ ပုဂံဘုရားတွေရဲ့ ပုံရိပ်တွေနဲ့ အင်းလေးက ရှုခင်းတွေနဲ့ အလှဆင်ထားတယ်...

ကိုရီးယားမှာ ရထားစီးလာတဲ့သက်တမ်းအတွင်း ပထမဆုံးမြင်ဖူးတာပါ...

ရထားတစ်တွဲလုံးမှာ ဒီလိုပုံတွေ သုံးထားတာလည်း ပထမဆုံးဘဲလို့ထင်တယ်...

တစ်ပုံ နှစ်ပုံလောက် ကပ်ထားတတ်တာမျိုးတွေ ရှိပေမဲ့ အခုလို တစ်တွဲလုံး ကြမ်းပြင်တွေကော နံရံတွေကောမှာ သုံးထားတာ တခါမှ မမြင်ဖူးဘူး...

ကိုရီးယားတွေအနေနဲ့လည်း ပထမဆုံး မြင်ဖူးတာဖြစ်မယ်ထင်တယ်...ရထားထဲကို ဝင်လာသမျှလူတိုင်းက လှလိုက်တာ...တယ်မိုက်ပါလားဆိုတဲ့စကားတွေ ပြောနေကြတယ်...

ခရီးသွားလုပ်ငန်း ကြော်ငြာတာများလားလို့ထင်ပြီး ကုမ္ပဏီအမည် လိုက်ရှာသေးတယ်...ဘာစာတစ်လုံးမှ မပါဘူး...ဒီတိုင်း ပုံတွေချည်း ကပ်ထားတာမျိုး...မြန်မာဆိုတဲ့ စာလုံးလေးတစ်လုံးတောင် မပါဘူး...

ကြော်ငြာဆိုရင်လည်း အခုလို တစ်တွဲလုံးမှာ ပေးကပ်မယ်မထင်ဘူး...အခြားကြော်ငြာတွေ ရှိတယ်လေ...အလွန်ဆုံးမှ တစ်ပေပတ်လည်လောက်ဘဲ ကြော်ငြာခွင့်ရကြတာ...

ရထားတစ်စီးလုံးမှာ ပါနေတာလည်း မဟုတ်ဘူး...ဒီတစ်တွဲတည်းမှာဘဲ ဒီလိုမျိုး အလှဆင်ထားတာ...ကိုယ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဒီအတွဲကိုမှ ဝင်မိလျှက်သားဖြစ်နေတယ်...

ဘူတာတစ်ခု ရောက်တော့ မိသားစုတစ်စု ဝင်လာတယ်...အမေနဲ့ ကလေး သေးသေးလေး သုံးယောက်...

အသက် 5 နှစ်လောက်ဘဲ ရှိမဲ့ အကြီးဆုံးသားက ရထားထဲကို ဝင်ဝင်ချင်း အိုး...မိုက်လိုက်တာ...ဒါ ဘယ်နိုင်ငံလဲ လို့ သူ့အမေကို လှည့်မေးတယ်...

သူ့အမေက ရထားတစ်တွဲလုံးက ပုံတွေကို သေသေချာချာ လိုက်ကြည့်ပြီး မသိဘူးလို့ ပြန်ဖြေတယ်...

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။