ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့....ပါကစ္စတန်နိုင်ငံ ကွက်တာမြို့က လေထုညစ်ညမ်းမှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရပုံကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။ လေထုညစ်ညမ်းမှုသည် ကမ္ဘာ တစ်ဝန်းမှ လူသားများ၏ ကျန်းမာရေးကို အဓိက ခြိမ်းခြောက်လာသည့် ပြဿ နာတစ်ရပ် ဖြစ်လာခဲ့ပါတယ်...။ မြို့ပြနေ လူသားများသည် လေထုညစ်ညမ်းမှုဒဏ်ကြောင့် နှစ်စဉ် လူဦးရေ ၁ ဒသမ ၃ သန်းခန့် သေဆုံး ကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကထုတ်ပြန်ကြေညာခဲ့ပါတယ်...။ ကမ္ဘာ့မြို့ကြီးများတွင် နေထိုင်ကြသူ များ နေ့စဉ်ရှူရှိုက် နေကြရသည့် လေတွင် ဆာလဖိတ်၊ နိုက်တြိတ်၊ အမိုးနီးယား၊ ဆိုဒီယံ ကလိုရိုဒ်၊ ကာဗွန် နှင့် သတ္ထု အမှုန် များပါဝင်နေပါတယ်...။

Photo credit pngtree

ယင်းဓာတု ပစ္စည်း အမှုန်အမွှားများသည် လူသားများအား ရင်ကျပ်ပန်းနာစသော အသက်ရှူရှိုက်မှု ပြဿနာ များစွာနှင့် မျက်စိ ယောင်ယမ်း နာကျင်ခြင်းစသည်တို့ကို ဖြစ်စေပါတယ်....။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်သည် လေထုအတွင်း မျောပါနေသော ၁၀ မိုက်ခရို မီတာ အောက်သေးငယ်သော အမှုန် များ (PM 10) ကို တိုင်းတာသည့် စစ်တမ်းများအရ ကမ္ဘာပေါ်တွင် မီးခိုးမြူများ အထူထပ်ဆုံးဒေသများသည် အရှေ့ အလယ် ပိုင်းနှင့် အာရှ ဒေသများ ဖြစ်သည်ဟုဆိုပါတယ်...။ ပါကစ္စတန်နိုင်ငံ (Quetta) ကွက်တာမြို့သည် အိန္ဒိယနိုင်ငံ လဒ်သီယာနာမြို့နှင့် အတူ ယူနက်စ်ကိုမှ သတ်မှတ်သော ကမ္ဘာ့ မီးခိုးမြူ အထူဆုံး မြို့များ စာရင်းတွင် စတုတ္ထမြောက် နေရာတွင်ရှိနေပါတယ်...။

Photo credit pngtree

ကွက်တာသည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နိုင်ငံ နယ်စပ်ရှိ ရှေးဟောင်းမြို့တစ်ခုဖြစ်ပါတယ်...။ ပါ့ရှ်ဝါ မြို့သည်လည်း အဆင့်(၇) တွင်ရှိနေပြီး ပါကစ္စတန်နိုင်ငံမှ လာဟိုး၊ ကရာချိ နှင့် အစ္စလာမာဘတ်မြို့များ သည်လည်း မီးခိုးမြူ အထူဆုံး(၁၅) မြို့ထဲ တွင်ပါဝင်နေကြပါတယ်...။ ပါ့ရှ်ဝါမြို့သည် မော်တော်ယာဉ်များ လျင်မြန်စွာ တိုးပွားလာမှုနှင့် ကျောက်မီးသွေးသုံး အုတ်ဖုတ်လုပ်ငန်းများ အရေ အတွက် ရာနှင့်ချီ ရှိနေခြင်းတို့ ကြောင့် ( PM 10 ) အဆင့် (၂၁၉) သို့ ရောက် ရှိနေပါတယ်...။ ပလတ်စတစ်ကဲ့သို့သော မီးမရှို့ရန် ကန့်သတ်ထားသည့် ပစ္စည်းများကို မီးရှို့ ကြ ခြင်းသည်လည်း လေထုညစ်ညမ်းမှုကို ဖြစ်စေသော အကြောင်း ရင်း တစ်ချက်ဖြစ်ပါတယ်...။ကျောက်ပြား နှင့် စတီး စက်ရုံကဲ့သို့ စက်မှု လုပ်ငန်းများ များပြားလာနေသဖြင့် ပါကစ္စတန် နိုင်ငံ ရှိ မြို့များသည် မြူခိုးများ ထူထပ်လျက်ရှိနေပါတယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။